မင်းအောင်လှိုင်ကို ချော့နေတာများလား အာဆီယံ(ဆောင်းပါး)

16 August 2022
မင်းအောင်လှိုင်ကို ချော့နေတာများလား အာဆီယံ(ဆောင်းပါး)

မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကျင်းပပြီးစီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကနေ ဆုံးဖြတ်ချက်နဲ့ ပြစ်တင်ရှုတ်ချလိုက်ပေမယ့် နိုင်ငံတော်တော်များများ မျှော် လင့်ထား သလိုမဟုတ်ဘဲ အားပျော့ နေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှု အနည်း အကျဉ်းပဲ တွေ့ရတဲ့အတွက် အလွန်စိတ်ပျက်မိသလို၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အတိုက်အခံ လေးဦးကို ကွပ်မျက်လိုက်တဲ့လုပ်ရပ်အပါအဝင် ရှည်ကြာနေတဲ့ နိုင်ငံရေးအကျပ်အတည်းကို စိုးရိမ်ပူပန်တယ်လို့ပဲ ထုတ်ပြန်ပါတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly