တရုတ်နိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်းကျဆင်းနေချိန်တွင် ဒေသတစ်ခုက ကလေးစရိတ်ပေးမည်ဟု ကြေညာ

တရုတ်နိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်းကျဆင်းနေချိန်တွင် ဒေသတစ်ခုက ကလေးစရိတ်ပေးမည်ဟု ကြေညာ

တရုတ်နိုင်ငံ၌ လူဦးရေကျဆင်းနေချိန်တွင် ဝမ်ကျိုးမြို့တော်ရှိ ခရိုင်တစ်ခုက ကလေးများပိုမိုမွေးဖွားလာစေရန် မိသားစုများအား ကလေးစရိတ်ထောက်ပံ့မည့်အစီအစဉ်ကို ကြေညာလိုက်သည်။ 

ဝမ်ကျိုးမြို့ လောင်ဝမ်ခရိုင်တွင် ကလေး ၂ ဦးရှိသော မိသားစုများသည် ၃ နှစ်အောက်ရှိ ကလေး ၁ ဦးစီအတွက် ယွမ် ၅၀၀ (၇၄ အမေရိကန်ဒေါ်လာ) ရရှိမည်ဖြစ်ပြီး   ကလေး ၃ ဦးရှိသည့် ဇနီးမောင်နှံများသည် ယွမ် ၁ ၀၀၀ ရရှိမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြသည်။

တရုတ်ရှိ လူဦးရေအကျပ်အတည်းသည် နိုင်ငံက ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများထက် ပို၍ ဆိုးရွား ကြောင်း ပညာရှင်များက ထောက်ပြကြသည်။

အာဏာပိုင်များထုတ်ပြန်သည့် စာရင်းအရ ပြည်နယ်အဆင့်ရှိ ဒေသ ၁၀ ခုရှိ လူဦးရေသည် ၂၀၂၁ ခုနှစ်တွင် ကျဆင်းသွားသည်။
“မွေးဖွားမှု တရားဝင်ကိန်းဂဏန်းတွေဟာ မတိကျပါဘူး။ တကယ်တော့ မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းက သိပ်မကွာတော့ပါဘူး။ 

တရားဝင်ထုတ်ပြန်တဲ့ မွေးဖွားနှုန်းတွေက မစစ်မှန်ပါဘူး။ ဒါဟာ ဝါဒဖြန့်ဖို့အတွက်ပါ” ဟု လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှ စီးပွားရေးသမိုင်းပါမောက္ခ ကန်ဒန်က ပြောသည်။

တရုတ်တွင် မွေးဖွားနှုန်း ၀ ဒသမ ၇၅၂ နှစ်နှင့် သေဆုံးနှုန်း ၀ ဒသမ ၇၁၈ ရှိပြီး မွေးဖွားမှုတိုးတက်မှုနှုန်း ၀ ဒသမ ၀၃၄ သာရှိကြောင်း နိုင်ငံ့စာရင်းအင်းဗျူရိုက ဖော်ပြသည်။ ၂၀၂၀ ခုနှစ်တွင် လူဦးရေတိုးတက်မှုနှုန်းသည် ၀ ဒသမ ၁၄၅ ရာခိုင်နှုန်း ရှိသည်ဟု Nikkei Asia ကဖော်ပြသည်။

လူဦးရေကျဆင်းမှုအပါအဝင် တရုတ်စစ်တပ်ကို အားအင်ချည်နဲ့စေသော မည်သည့်ပြောင်းလဲမှုမဆို တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို အားလျော့စေသည်ဟု ကန်ဒန်က ပြောသည်။

၂၀၂၁ ခုနှစ်အကုန်တွင် တရုတ်၏လူဦးရေသည် ၁ ဒသမ ၄၁ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၄၈၀ ၀၀၀ ဦးတိုးလာကြောင်း နိုင်ငံ့စာရင်းအင်းဗျူရို၏ အချက်အလက်များအရ သိရသည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly