ဧရာဝတီမြစ် နတ်စင်ကျောက်-ညောင်ရင်းရေလမ်း မြစ်ကြမ်းပြင်အောက်ရှိ သဲကျောက်များ အရေးပေါ်ဖယ်ရှား

ဧရာဝတီမြစ် နတ်စင်ကျောက်-ညောင်ရင်းရေလမ်း မြစ်ကြမ်းပြင်အောက်ရှိ သဲကျောက်များ အရေးပေါ်ဖယ်ရှား
 ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဖေဖော်ဝါရီ ၁၈ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ငါးဇွန် မြိုနယ်၊ရွာသစ်ကျေးရွာ အနီး ဧရာဝတီမြစ် နတ်စင်ကျောက်-ညောင်ရင်း ရေလမ်းတွင်မြစ်အောက်ကြမ်းပြင်မှသဲကျောက်များ ကို အရေးပေါ်ဖယ်ရှားနေကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က ပြောသည်။

"နတ်စင်ကျောက်ရေလမ်းမှာ သုံးနေရာလောက်က ရေအနည်းဆုံးအချိန်မှာ ရေမျက်နှာပြင်အောက် ၄ပေ လောက်မှာ ကျောက်တွေရှိနေတယ်။ခုတ်မောင်းသွားလာတဲ့ ကုန်တင်သဘောၤတွေအတွက် အန္တရာယ် ရှိနိုင်လို့ အရေးပေါ်ဖယ်ရှားတာပါ။ လက်ရှိလုပ်နေတာက ရေမျက်နှာပြင်အောက် ၅ပေမှာ ရှိတဲ့ ကျောက်တွေ ဖယ်ရှား နေတယ်။နောက်ထပ် ၃ပေလောက်က ကျောက်တွေ ဖယ်ရှားဖို့ နှစ်နေရာ ကျန်သေးတယ်။"ဟု ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(အထက်မြန်မာပြည်) ညွန်ကြားရေးမှူး ဦးဝင်းလှိုင်က ပြောသည်။

ရေယာဉ်များခုတ်မောင်းသွားလာရန် မြင်းမူဘက်မှ ရေလမ်း ကြောင်းပေး ထားရပြီး ရေလမ်းကြောင်းမှာ လုံလောက်သည့် ရေအနက်မရှိကြောင်း၊ ကျောက်ဆောင်များရှိနေသောကြောင့်ရေအနက် ၉ပေခန့်ထိ ဆက်လက်ဖေါ် ထုတ်သွား မည်ဖြစ် ရာ လုပ်ငန်းပြီးစီးပါက ကုန်တင်သဘောၤများမှာ စိတ်ကြိုက်မောင်းနှင်နိုင်တာ့မည်ဖြစ်သည်။

ဧရာဝတီမြစ်ကြမ်းပြင်ကျောက်များ ဖယ်ရှားရေးအတွက် ပြည်ထောင်စုအစိုးရငွေလုံးငွေရင်းရံပုံငွေဖြင့် ဆောင်ရွက်သည့် ဧရာဝတီမြစ်ရေလမ်းဖွ့ံ့ဖြိုးရေးလုပ်ငန်းများမှ တစ်ခုအပါအဝင်ဖြစ်ကာ ခွင်ပြုရန်ပုံငွေ ကျပ်သန်း ပေါင်း ၉ ဒသမ ၅ သန်းဖြင့် ဖေဖေါ်ဝါရီလမှ စတင်လုပ်ဆောင်နေပြီး လာမည့် မတ်လတွင် ပြီးစီးမည်ဖြစ်သည်ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်   ရေးဦးစီးဌာန(အထက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly