ရေစကြိုမြို့နယ်တွင် တောကျီးကန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး

ရေစကြိုမြို့နယ်တွင် တောကျီးကန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး

ဩဂုတ်လ ၁၅ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁၇ဖွဲ့၏ တောကျီးကန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှု လေးကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးမှုရှိကြောင်း Phonenix အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာဘက်မှ နန်းဦးကျေးရွာဘက်သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်းကို သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ၁၂ ဖွဲ့ က စတင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ခြုံခို တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့၏ စန်ိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကာ အထိအခိုက်စာရင်းကို စိစစ်နေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့အပြင် ရေစကြိုမြို့နယ်၊ ရေယှားကျေးရွာမှ လှေခုတ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးရှေ့ပြေးတပ်ဖွဲ့တို့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့နောက် လှေခုတ်ကျေးရွာအတွင်း ဆက်လက်ဝင်ရောက်ကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ထောင်ထားသည့် မိုင်းကွင်းအတွင်း ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး လဲကျသွားခဲ့ပြီး သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင်လည်း လှေခုတ်ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းနေ့ ညနေပိုင်းတွင်ပင် လှေခုတ်ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ကာ အရှေ့ဘက်ရှိ ဆင်တဲကျေးရွာသို့ ပြန်လည်ဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက်ို ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့သည်ကို အတည်ပြုနိင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း မဟာမိတ် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ် အသေးစိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုအခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် မဇ္စျ်ိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

“အသိုက်ကိုဖျက်ရင် အသက်ကိုပြန်ယူမယ်” ဆိုသည့် တောကျီးကန်းစစ်ဆင်ရေးအဖြစ် တ်ိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ Myingyan ပြောက်ကျားတပ်ဖွဲ့၊ Black Wolf (MDy)၊ Wlof Brothers၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ)၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင် PDF၊ ဒေါင်းညီနောင်၊ People’s Defense Force Mandalay၊ Mobile Defense Force၊ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ YSO. ISA၊ YLK ပြောက်ကျားတပ်ဖွဲ့၊ Shwe Lal Kyun LPDF၊ နဂါးနီ ပြောက်ကျားတပ် နှင့် Myingyan Tweenty One Guerilla Force စသည့် မဟာမိတ်ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၁၇ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိနေပြီး ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး တော်လှန်ရေးရဲဘော်များဘက်ကလည်း ကျဆုံးမှု ရှိသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly