တရုတ်က အချက်အလက်များကို ခိုးဝင်ကြည့်ကြောင်း သံသယရှိသဖြင့် ဗြိတိန်ပါလီမန်၏ Tiktok အကောင့်ကို ပိတ်ပစ်

By ANI
14 August 2022
တရုတ်က အချက်အလက်များကို ခိုးဝင်ကြည့်ကြောင်း သံသယရှိသဖြင့် ဗြိတိန်ပါလီမန်၏ Tiktok အကောင့်ကို ပိတ်ပစ်
Photo: EPA

Tiktok က အသုံးပြုသူအချက်အလက်များကို တရုတ်အစိုးရသို့ ပို့ပေးနေသည်ဟုဆိုကာ ဗြိတိန်ပါလီမန်က ၎င်းတို့၏ Tiktok အကောင့်ကို ပိတ်ပစ်လိုက်သည်။

တရုတ်၏ ဒဏ်ခတ်ပိတ်ဆို့မှုခံရသည့် ပါလီမန်အဖွဲ့ဝင်အချို့က အချက်အလက်လုံခြုံရေး စိုးရိမ်ပူပန်မှု အကြောင်းပြချက်ဖြင့် ဗြိတိန်ပါလီမန်က Tiktok အကောင့်ကို ပိတ်ပစ်လိုက်သည်ဟု Politico သတင်းတွင် ဖော်ပြခဲ့သည်။

အကောင့်ဖွင့်ပြီးနောက် ၆ ရက်အကြာတွင် ပါလီမန်အာဏာပိုင်များက ယင်းအကောင့်အား ရပ်ဆိုင်းလိုက်သည်ဟု လွှတ်တော်အာဏာပိုင်များကအတည်ပြုခဲ့သည်။

ပါလီမန်အမတ်များက Tiktok နှင့် တရုတ်ပိုင်ရှင် bytedance အကြား ဆက်နွှယ်မှုနှင့် ပတ်သက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Tiktok အသုံးပြုသူ အချက်အလက်များကို နိုင်ငံတကာနှင့်ချိတ်ဆက်ထားသည့် တရုတ် အင်တာနက် နည်းပညာကုမ္ပဏီ Bytedance ကို ဝေမျှကြောင်း အကြီးတန်း နိုင်ငံရေးသမားများက ၎င်းတို့၏ သံသယကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု Politico က ဖော်ပြခဲ့သည်။

အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌများထံ ပေးပို့သည့် စာတစ်စောင်ကို ကိုးကား၍ မီဒီယာက တရုတ်၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် တွမ်တူဂန်ဒတ်ခ်၊ အိန်းဒန်ကန်စမစ်နှင့် နျူဂါနီတို့အပါအဝင် တိုရီပါတီ နိုင်ငံသမားများက အကောင့်ကို ဖြုတ်ချရန် တောင်းဆိုခဲ့သည်။

ဗြိတိန်ပါလီမန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "အမတ်တွေရဲ့ တုံ့ပြန်မှုတွေကို အခြေခံပြီး အစမ်းသုံးကြည့်နေတဲ့ Tiktok အကောင့်ကို စီစဉ်ထားတာထက် စောစောပိတ်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

အကောင့်ဖွင့်ရန်ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးသမားများအနေဖြင့် အံ့သြစိတ်ပျက်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly