တရုတ်ကုမ္ပဏီများ၏ ခွဲခြားဆက်ဆံမှုအပေါ် ကင်ညာပြည်သူများ ဒေါသထွက်

တရုတ်ကုမ္ပဏီများ၏ ခွဲခြားဆက်ဆံမှုအပေါ် ကင်ညာပြည်သူများ ဒေါသထွက်
Photo: EPA

ကင်ညာအစိုးရသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာဆက်ဆံရန် ကြိုးပမ်းနေချိန်တွင် ကင်ညာရှိ တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားမှုနှင့် ခွဲခြားဆက်ဆံမှုများကြောင့် ပြင်းထန်သော တုံ့ပြန်မှုများကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံသည် အာဖရိကတစ်ဝန်းတွင် ချေးငွေပေးကာ အခြေခံအဆောက်အအုံများ ဆောက်လုပ်လျက်ရှိသည်။ ထိုစီမံကိန်းများအတွက်ပေးချေရန် အာဖရိကနိုင်ငံအများအပြားသည် တရုတ်နိုင်ငံထံမှ ငွေချေးယူခြင်း သို့မဟုတ် ရေနံသိုက်များကဲ့သို့ သဘာဝအရင်းအမြစ်များကို မှီခိုအားထားကြသည်။

နစ်နာမှုများကို တွက်ချက်ကြည့်သောအခါ အာဖရိကနိုင်ငံများသည် ၎င်းတို့အကြွေးများ မြင့်တက်လာခြင်း သို့မဟုတ် ရံဖန်ရံခါ အချို့သော တရုတ်ကုမ္ပဏီများက အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်သည့် အလေ့အထ များကို သတိထားမိလာကြသည်။

မကြာသေးမီက တရုတ်ကုမ္ပဏီ တရုတ်လမ်းနှင့် တံတားကော်ပိုရေးရှင်း (CRBC) သည် အကျင့်ပျက်ခြစားသော အလေ့အကျင့်များနှင့် ကင်ညာနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် လူမှုမီဒီယာ၌ ဝေဖန်တုံ့ပြန်မှုများ နှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံမှ ရန်ပုံငွေထောက်ပံ့ထားသည့် အမြန်လမ်းစီမံကိန်းသည် ကုန်ကျစရိတ်ကြီးမြင့်ရုံသာမက ကင်ညာနိုင်ငံသားများထံမှ ဂိတ်ကြေးများ အဆမတန်ကောက်ခံရန် စီစဉ်မှုအတွက်လည်း ဝေဖန်ခံနေရသည်ဟု Hong Kong Post သတင်းတွင် ဖော်ပြသည်။

အထူးသဖြင့် ကင်ညာအစိုးရသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် ကြိုးပမ်းနေချိန်တွင် ကင်ညာနိုင်ငံသား အများအပြားကို အနှောက်အယှက်ဖြစ်စေသည့် ဒေသတွင်းတိုးပွားလာသော တရုတ်လုပ်သားများ၏ ခွဲခြားဆက်ဆံသည့် အပြုအမူများနှင့်ပတ်သက်သော ဖြစ်ရပ်များစွာရှိနေသည်ဟု Hong Kong Post ကဆိုသည်။

အမြန်လမ်းဖောက်လုပ်ရန် သစ်ပင်ကြီးသစ်ပင်ငယ်ပေါင်း ၄ ၀၀၀ ခန့်ကိုလည်း ခုတ်လှဲခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ ယင်းစီမံကိန်းများသည် လူအများစုအတွက် အကျိုးမရှိသောကြောင့် တရုတ်အခြေခံအဆောက်အအုံ စီမံ ကိန်းများကို နားလည်ရခက်သောတိုးတက်မှုဖြစ်စဉ်အဖြစ် ကင်ညာလူမျိုးများက ရှုမြင်ကြသည်။ ကင်ညာတွင် တရုတ်ကုမ္ပဏီပေါင်း ၁၀၇ ခုခန့် လည်ပတ်နေပြီး ကင်ညာအတွက် တရုတ်ကြွေးမြီနှင့် အတိုးများကို ပြန်ဆပ် ရန်မှာ ပိုမိုခက်ခဲလာသည်။ ကင်ညာနိုင်ငံ၏ စုစုပေါင်း ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၀ ၏ ၇၂ ရာခိုင်နှုန်းမှာ တရုတ်ကြွေးမြီများဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required