တရုတ်သမ္မတက အမေရိကန်သမ္မတနှင့် နိုဝင်ဘာလတွင် တွေ့ဆုံရန် စီစဉ်ထား

By ANI
14 August 2022
တရုတ်သမ္မတက အမေရိကန်သမ္မတနှင့် နိုဝင်ဘာလတွင် တွေ့ဆုံရန် စီစဉ်ထား
Photo: EPA

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ရန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် နိုဝင်ဘာလတွင် လူချင်းတွေ့ဆုံနိုင်ရန် တရုတ်အရာရှိများက စီစဉ်နေကြောင်း Wall Street Journal က ဖော်ပြသည်။ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်အစိုးရအား စိတ်အနှောင့်အယှက် ဖြစ်စေသော အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီးတွင် တရုတ်စစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေး လေ့ကျင့်မှုပြုလုပ်ပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် ၃ နှစ်နီးပါးအတွင်း တရုတ်ခေါင်းဆောင်၏ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်ဖြစ်သလို ဘိုင်ဒန်က အမေရိကန်ခေါင်းဆောင်အဖြစ် စတင်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခြင်း လည်းဖြစ်လာနိုင်သည်။ ရှီသည် ယခင် စံနှုန်းများနှင့် ချိုးဖျက်ပြီး ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် တတိယသက်တမ်းကို ရယူရန် မျှော်လင့်ထားသော ၅ နှစ်တစ်ကြိမ်ကျင်းပသည့်ကွန်ဂရက်၌ ၎င်း၏ အလားအလာအပေါ် ယုံကြည်မှု ရှိနေကြောင်းကို ခရီးစဉ်ပြင်ဆင်မှုများက ပြသနေသည်ဟု Wall Street Journal ကဖော်ပြထားသည်။

တရုတ်ခေါင်းဆောင်သည် ပါတီကွန်ဂရက်ကို ပထမဆုံး အပြီးသတ်ကျင်းပရန် မျှော်လင့်ထားပြီး ၎င်းနောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နိုင်ငံပေါင်း ၂၀ မှ ခေါင်းဆောင်များ ပါဝင်သော ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖွယ်ရှိသည်။ ထို့နောက် ၂ ရက်အကြာတွင် ရှီသည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သို့ သွားရောက်မည်ဟု မျှော်လင့်ကြောင်း တရုတ်အရာရှိများက ပြောသည်။

သို့သော် အစီအစဉ်များသည် ကနဦးအဆင့်သာရှိသေးသည့်အတွက် ပြောင်းလဲနိုင်ကြောင်းနှင့် ထိပ်သီးအစည်းအဝေး နှစ်ခု၏ ပူးတွဲအစည်းအဝေးအဖြစ် ရှီနှင့်ဘိုင်ဒန်အကြား ဖြစ်နိုင်ခြေရှိသော အစည်းအဝေးကိုလည်း ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

"ညီလာခံနှစ်ခုရဲ့ လက်ခံကျင်းပသူအဖြစ် အင်ဒိုနီးရှားနဲ့ ထိုင်းကို တရုတ်က ပံ့ပိုးပေးထားပြီးတော့ အပြုသဘော ဆောင်တဲ့ ရလဒ်တွေရရှိအောင် ညီလာခံကို ပုံရိပ်မြှင့်တင်နိုင်ရေး ပါတီအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိ

ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဌာနက ရှီ၏ အလားအလာရှိသော ခရီးစဉ်နှင့် ပတ်သက်၍ Wall Street Journal ၏ မေးမြန်းချက်ကို တုံ့ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required