ကလပ်သင်းဟာ 'အရည်အသွေးရှိတဲ့ ကစားသမားတွေ လိုအပ်တယ်' - မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်

ကလပ်သင်းဟာ 'အရည်အသွေးရှိတဲ့ ကစားသမားတွေ လိုအပ်တယ်' - မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်
Photo: AFP

မန်ချက်စတာ ယူနိုက်တက်အသင်း မန်နေဂျာ အဲရစ်တန်ဟက်ဂ်က လူစာရင်းရဲ့ အဆင့်အတန်းဟာ လုံလောက်မှု မရှိဘူးလို့ ဝန်ခံအပြီး ကလပ်ဟာ "အရည်အသွေးရှိတဲ့ ကစားသမားတွေ" လိုအပ်နေပါတယ်လို့ ပြောသွားပါတယ်။

ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ပထမပိုင်း ၃၅ မိနစ်အတွင်း လေးဂိုး အသွင်းခံရပြီး ပရီးမီးယားလိဂ် နှစ်ပွဲကစားအပြီး ရမှတ်မရခဲ့ပါဘူး။

မေလက အိုးထရက်ဖို့ဒ်မှာ တာဝန်ယူခဲ့တဲ့ နယ်သာလန်နိုင်ငံသား တန်ဟက်ဂ်က အခြေအနေဟာ "ခက်ခဲတဲ့ လုပ်ငန်းစဉ်" ဖြစ်တယ်လို့ Sky Sports ကို ပြောခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့လုပ်ခဲ့တဲ့ အဆင့်အတန်းထက် ပိုမြင့်မားတဲ့ အဆင့်ကို ဖြည့်တင်းပေးဖို့ လိုပါတယ်”လို့ သူက ဆိုပါတယ်။

"ကျနော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုမှာ ရှိနေပါတယ်။ ခင်ဗျားက မတူညီတဲ့ စတင်မှုကို မျှော်လင့်ပါတယ်။ အဲဒါက ကျနော်တို့ မျှော်လင့်ထားခဲ့သလို မဟုတ်ပါဘူး။

"ကျနော်တို့က ကစားသမားသစ်တွေ လိုအပ်တယ်။ အရည်အသွေးရှိတဲ့ ကစားသမားတွေ လိုအပ်တယ်။ အဲဒါကို ကျနော်တို့ လုပ်ဆောင်နေသလို သူတို့ကို လာအောင် ဆွဲဆောင်ဖို့ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။"

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်က စိတ်ပျက်ဖွယ်ကောင်းတဲ့ ရာသီနဲ့ ရင်ဆိုင်ရပြီးနောက်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ကတည်းက ကစားသမားသစ်ခေါ်ယူရာမှာလည်း ကာလရှည် ရှာဖွေနေရသလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘရိုက်တန်ကို အိမ်ကွင်းမှာ အံ့အားသင့်စွာ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။ 

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ တန်ဟက်ဂ်အတွက် အဓိက ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အသက် ၂၅  နှစ်အရွယ် ကွင်းလယ်လူဟာ နူးကမ့်က ထွက်ခွာရင် ချယ်လ်ဆီးကို ပြောင်းရွှေ့ချင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ခေါ်ယူဖို့ သတင်းထွက်ခဲ့တဲ့ စတုတ်ခ်နဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်း အာနူတိုဗစ်ကို ပရိသတ်တွေက မနှစ်သက်သလို ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီယော့ကို စိတ်ဝင်စားခဲ့သည့်အတိုင်း အပြောင်းအရွှေ့မှာ နီးစပ်ပုံရပေမယ့်လည်း ယူနိုက်တက်ရဲ့ ထောက်ခံမှု သိသိသာသာ မရရှိပြန်ပါဘူး။

"အသင်းမှာ တာဝန်ရှိပါတယ်။ ပရိသတ်တွေအတွက် ကျနော် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်၊ သူတို့က ကျနော်တို့ကို အားပေးဖို့ အားလုံးကို လုပ်ပေးခဲ့ပေမယ့် ကျနော်တွေ သူတို့ကို စွန့်ပစ်ခဲ့တယ်"လို့ တန်ဟက်ဂ်က ပြောပါတယ်။

"အသင်းတစ်သင်းအနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ ကွင်းထဲမှာ တာဝန်ယူရမှာပါ၊ ကျနော်တို့မလုပ်ခဲ့ဘူး၊ သူတို့ကို ကျနော် တောင်းဆိုခဲ့တာက ယုံကြည်ချက်အပြည့်နဲ့ကစားပြီး စွမ်းဆောင်ရည်အတွက် တာဝန်ယူပါ။ ကျနော်တို့က အဲဒါကိုလုပ်ဆောင်ရပါမယ်။

"မန်နေဂျာလည်း တာဝန်ရှိတယ်။ သူ့မှာ အဓိက တာဝန်ရှိတယ်၊ အဲဒါကို ကျနော် တာဝန်ယူပြီးတော့ လုပ်မယ်။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly