Farmers Revolution Force တပ်ရင်း၏ အပတ်စဥ် (၇) သင်တန်းဆင်းပွဲပြုလုပ်

Farmers Revolution Force တပ်ရင်း၏ အပတ်စဥ် (၇) သင်တန်းဆင်းပွဲပြုလုပ်

သြဂုတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကာကွယ်ရေးအဖွဲ့ဖြစ်သော Farmers Revolution Force တပ်ရင်း၏ အပတ်စဥ် (၇) သင်တန်းဆင်းပွဲအား သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး၊ အမျိုးသားဦးရေ ၂၀၀ နှင့် အမျိုးသမီးဦးရေ ၁၀၀ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သင်တန်းမှာ လက်လုပ်သေနတ်တွေတော့ တပ်ဆင်ပေးထားတယ်၊ လက်နက်ငယ်သင်တန်း အခြေခံသင်ပေးတယ်၊ တိုက်ခိုက်မှုစွမ်းရည်ပိုင်းတို့ အစုံပေါ့ ၊ မြို့သိမ်းတိုက်ပွဲတွေအကြောင်းရော အကုန်သင်ပေးပါတယ်"ဟု Farmers Revolution Force တပ်ရင်းမှ တာဝန်ရှိသူကပြောသည်။

သင်းတန်းဆင်းပွဲ၌ အဖွဲ့ခေါင်းဆောင်မှ အမှာစကားပြောကြားခဲ့ပြီးနောက် သစ္စာအဓိဋ္ဌာန် လေးချက်အား ရွတ်ဆိုခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly