အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

အနောက်မြောက်တိုင်းစစ်ဌာချုပ်ကို လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဩဂုတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) မှ ယနေ့ဩဂုတ်လ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။

“ယင်းမာပင်ဘက်က စစ်ခွေး(စစ်ကောင်စီ) တွေက နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ထဲကနေထွက်ပြီး ရဟတ်ယာဉ်တွေ သွားပစ်နေတဲ့အတွက် ကျနော်တို့က လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု Chindwin Attack Force တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ် နမခတပ်တွင်းသို့ ပွိုင့် နှစ်နေရာခွဲပြီး လက်လုပ် ၁၂၀မမ လေးလုံး ၊ ၆၀မမ ၁၄လုံး စုစုပေါင်း ၁၈ လုံး ပစ်သွင်းခဲ့ကြောင်း ဆိုသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)တပ်အတွင်း ငိုယိုသံ ၊ပြေးလွှားဆူညံသံများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည်ပစ်ခတ်ခြင်းမပြုလုပ်မီအချိန်၌ မဟာမိတ်တပ်ဖွဲ့များသည် အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် တပ်တွင်း ဖရဲသီး (သတင်းပေး) များ၏ သတင်းပေးမှုအရ အထိအခိုက်များစွာရှိကြောင်း ပြန်လည်သိရှိရသည်ဟု ဆိုသည်။

ယင်းပစ်ခတ်မှုအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People (FFP) နှင့် Future Star – LPDF ၊ Cobra Special Force (CSF – LPDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၉ရက်နေ့ကလည်း မုံရွာမြို့နယ် သာစည်ကျေးရွာတွင် အသစ်တည်ဆောက်နေသော အကျဉ်းထောင်အား ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်မှ အသေပျောက်များရှိနိုင်ပြီး လုံခြုံရေးအရ အရေအတွက် အား သိရှိရခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly