တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေမှုမြင်ကွင်း

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေမှုမြင်ကွင်း

ဩဂုတ်လ ၁၃ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့သြဂုတ်လ ၁၂ရက်နေ့တွင် မယ်ဆိုင်ချောင်းရေတိုးလာ၍ မြို့တွင်းရှိရပ်ကွက်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်ထိ မိုးများဆက်တိုက်ရွာသွန်းနေကာ ရေများဆက်လက်တက်နေသောကြောင့် ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများမှ လိုအပ်သည့်နေရာများကို ကူညီမှုများပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly