Independence Army-IA (လွတ်လပ်ရေးတပ်မတော်) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

Independence Army-IA (လွတ်လပ်ရေးတပ်မတော်) အခြေခံစစ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

သြဂုတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ကနီမြို့ရှိကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Independence Army-IA (လွတ်လပ်ရေးတပ်မတော်)၏ အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခြေခံ စစ်သင်တန်းကို ဇူလိုင် ၁ ရက်နေ့တွင် စတင်ခဲ့ပြီး သင်တန်းသား ၃၀ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်ခဲ့သည်။

Independence Army-IA (လွတ်လပ်ရေးတပ်မတော်)သည် စစ်အာရှင်စနစ်ဆန့်ကျင်ရေး၊ အဖိနှိပ်ခံပြည်တစ်ရပ်လုံး လွတ်လပ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည့် ခံယူချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly