“အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း  

“အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း  

ဩဂုတ်၁၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒပြမှု ၅၂၀ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်၁၃ ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “အမှန်တရားနဲ့ တရားမျှတမှု အတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” စာတန်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly