ဒေသတွင်း လုံခြုံရေးအခြေအနေ တင်းမာလာမှုရပ်တန့်ရေး နိုင်ငံတကာက ကူညီရန် ထိုင်ဝမ်သမ္မတ  တောင်းဆို

ဒေသတွင်း လုံခြုံရေးအခြေအနေ တင်းမာလာမှုရပ်တန့်ရေး နိုင်ငံတကာက ကူညီရန် ထိုင်ဝမ်သမ္မတ  တောင်းဆို

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်သို့ မကြာသေးမီက လာရောက်ပြီးနောက် ထိုင်ဝမ်ကမ်းရိုးတန်းအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်နေချိန်တွင် ထိုင်ဝမ်သမ္မတ ချို အင်ဝမ်က နိုင်ငံတကာက ထိုင်ဝမ်အား ထောက်ခံအားပေးရန်နှင့် ဒေသတွင်း လုံခြုံရေးအခြေအနေ တင်းမာလာမှု ကို ရပ်တန့်နိုင်ရန် တောင်းဆိုလိုက်သည်။

ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်က သြဂုတ်လ ၆ရက်က တွစ်တာတွင် ထိုင်ဝမ်အစိုးရနှင့် စစ်တပ်သည် အခြေ အနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

"ထိုင်ဝမ်အစိုးရနဲ့ စစ်တပ်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ သတင်းအချက် အလက်စစ်ဆင်ရေးတွေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်သလို တုံ့ပြန်ဖို့ အဆင်သင့်ပါပဲ။ ဒီမိုကရက်တစ် ထိုင်ဝမ်ကို ထောက်ခံပြီး ဒေသတွင်း လုံခြုံရေး အခြေအနေတင်းမာလာမှု ရပ်တန့်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီ ပေးဖို့ တောင်းဆိုပါတယ်" ဟု ထိုင်ဝမ်သမ္မတ ချိုက်အင်းဝမ်က တွစ်တာတွင် ရေးသားခဲ့သည်။ .

ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက်တွင် တရုတ်လေယာဉ်များနှင့် သင်္ဘောအများအပြားကို တွေ့ရှိခဲ့ပြီး အချို့မှာ အလယ်မျဉ်းကို ဖြတ်ကျော်သွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ရက်တွင် ပြောကြား ခဲ့သည်။

ပေလိုစီ၏ ထိုင်ဝမ်သို့လာရောက်လည်ပတ်ပြီးနောက် တရုတ်က စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင် ခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ လက်ထောက်အကြီးအကဲ အောင်းယန်လီရှင်းသည် ဟိုတယ်ခန်းတစ်ခုတွင် သေဆုံးနေသည်ကို သြဂုတ်လ ၆ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း Central News Agency ကို ကိုးကား၍ Jerusalem Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly