“အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၁၉ ရက်မြောက် ဆက်လက်ချီတက်ဆန္ဒပြ

“အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၅၁၉ ရက်မြောက် ဆက်လက်ချီတက်ဆန္ဒပြ

ဩဂုတ်လ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၉ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်၁၂ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

ယနေ့သည် နိုင်ငံတကာ လူငယ်များနေ့ဖြစ်ပြီး လူထုသပိတ်စစ်ကြောင်းသည် “အမှန်တရားနဲ့ တရားမျှတမှုအတွက် လူငယ်တွေ တိုက်ပွဲဝင်ဆဲ” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ရှိရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly