မော်လမြိုင်တွင် စက်သုံးဆီ ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး တန်းစီ စောင့်ဆိုင်း၍ ဝယ်ယူနေရ

မော်လမြိုင်တွင် စက်သုံးဆီ ဈေးနှုန်း ဆက်လက် မြင့်တက်နေပြီး တန်းစီ စောင့်ဆိုင်း၍ ဝယ်ယူနေရ

ဩဂုတ်လ ၁၂ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေပြီး စက်သုံးဆီအရောင်း ဆိုင်ငယ်များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီးအချို့တွင် ကားများ၊ ဆိုင်ကယ်များဖြင့် မိုးရေထဲတွင် ဒုက္ခခံ စောင့်ဆိုင်းကာ တန်းစီဝယ်ယူနေရကြောင်း ဒေသခံများထံက သိရသည်။

"မြို့ထဲက ဆိုင်ငယ်တွေမှာတော့ ဘယ်ဆိုင်မှ မရောင်းပေးတော့ဘူး။ ငွေပေးပြီးတော့ကို ဝယ်လို့ မရတာ။ ဆိုင်ကြီးတွေမှာ သွားဝယ်ရင် မိုးထဲ လေထဲမှာ အချိန်ကြာကြီး စောင့်နေရတယ်။ သူတို့ဖွင့်တဲ့ အချိန်ကို စောင့်ပြီးတော့ကိုတန်စီး ဝယ်ယူနေရတာ" ဟု မော်လမြိုင် ဒေသခံတစ်ဦးက ပြောသည်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီရရှိသည့်အပေါ် မူတည်ပြီး ရောင်းချပေးနေရသည့် အတွက် ဒေသခံများနှင့်စက်သုံးဆီလိုအပ်သူများသည် မော်လမြိုင်မြို့ပေါ်ရှိ အတ္တရံ ဆီဆိုင်၊ နီလာရွှေစင်ဆီဆိုင်နှင့် PTဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေကြရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly