မြန်မာ့စီးပွားရေး ခြောက်လအတွင်းဦးပဲမော့မလား၊ ဦးပဲစိုက်မလား(ဆောင်းပါး)

12 August 2022
မြန်မာ့စီးပွားရေး ခြောက်လအတွင်းဦးပဲမော့မလား၊ ဦးပဲစိုက်မလား(ဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ခြောက်လအတွင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာအောင်လုပ်ပေးမယ်လို့ပြောထားလေရဲ့။ လတ်တလော မြန်မာ့စီးပွားရေးကတော့ ကျွမ်းပြန် တော့မယ့်အခြေအနေမှာရောက်နေပါတယ်။ တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ထုတ်နေတဲ့ ဗဟိုဘဏ်ထုတ်ပြန်ချက် တွေကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်မမီအောင်ဖြစ်နေပါတယ်။ အခုနောက်ဆုံး နှုတ်မိန့်နဲ့ထုတ်ပြန်လာ တဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းသာ ကျပ်ငွေပြောင်းရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြန်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဒေါ်လာကို ထိန်းဖို့ကြိုးစားနေရင်းကြားက ဗဟိုဘဏ်သတ်မှတ်ချက် ၁၈၅၀ ကနေ ၂၁၀၀ အထိတက် သွားခဲ့တာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စား ကုမ္ပဏီ အတော်များများ လုပ်ငန်းရပ်နားကုန်ပြီး လူမွဲစာရင်းခံယူတဲ့ ကုမ္ပဏီကြီး အများအပြားရှိနေပြီလို့ ကုမ္ပဏီအကြံပေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်အသိုင်းအဝန်းဆီကနေ အသံတွေလည်းကြားနေရပါတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly