၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ရုပ်သံ

12 August 2022
၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ရုပ်သံ

ဝေယံမိုး 

ကော်သူးလေ(မဇ္ဈိမ)။    ။  ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့အား ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ကျင်းပပြုလုပ်သည်။  

ဒီကနေ့ဩဂုတ်လ ၁၂ ရက် နံနက်ခင်း ၆ နာရီအချိန်တွင် အာဇာနည်ကျောက်တိုင်ရှိရာ ကွင်းပြင်၌ စစ်ရေးပြအခမ်းအနားနှင့်တကွ ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်။ 

အခန်းအနားတွင် KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် စစ်ဦးစီးချုပ် စောဂျော်နီ၊ KNU ဒု-ဥက္ကဋ္ဌ ဘဒိုစောကွယ်ထူးဝင်းနှင့် တပ်မဟာမှူး ဗိုလ်မှူးကြီး စောဖော်ဒိုတို့မှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ 

KNU တပ်မဟာ (၇) နယ်မြေရှိ ဒေသခံများတက်ရောက်ကာ လွမ်းသူ့ပန်းခွေချခြင်းနှင့် စစ်ရေးပြအခမ်းအနား ပါဝင်ခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#ကရင့်အာဇာနည်နေ့
#စစ်ရေးပြအခမ်းအနား

ရိုက်ကူး/တည်းဖြတ် - ဝေယံမိုး 
ကော်သူးလေ(မဇ္ဈိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly