နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ကန့်သတ်ချက်များကို အင်ဒိုနီးရှားက ဆက်လက် လျှော့ပေါ့မည်

နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ကန့်သတ်ချက်များကို အင်ဒိုနီးရှားက ဆက်လက် လျှော့ပေါ့မည်

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၁၈ ။             ။ အင်ဒိုနီးရှားသည် ၎င်း၏ ဈေးကွက်ကို ဆက်လက်ဖွင့်ပေးမည်ဖြစ်ပြီး နိုင်ငံသို့ ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ပိုမိုလွယ်ကူစေရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

အင်ဒိုနီးရှားသည် ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်ရန် ပိုမိုလုပ်ဆောင်လျက်ရှိပြီး ကန့်သတ်ချက်များစွာကို ဖယ်ရှားသည့် အစီအစဉ်များကို ကြေညာခဲ့သည့်တိုင် ၎င်းအနေဖြင့် အားရကျေနပ်ခြင်း မရှိသေးကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဖေဖော်ဝါရီ ၁၇က ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သော အာဆီယံစီးပွားရေးအသိုင်းအဝိုင်းကွန်ဖရင့်တွင် စီးပွားရေးဦးဆောင်သူနှင့် သက်ဆိုင်သူ ၃၀၀ကို ပြော ကြားခဲ့သည်။

ရှင်းလင်းရန် ဈေးကွက်ဆက်လက်ဖွင့်သွားရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုခေတ်မီစေရန် ဆောင်ရွက်သွားမည်ပြီး ပိုနေသည့် မလိုအပ်သည့် ခွင့်ပြုချက်များ၊ လိုင်စင်များနှင့် ကာကွယ်မှုများ များစွာရှိနေသေးသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ အမေရိကန်-အာဆီယံထိပ်သီဆွေးနွေးပွဲအပြီး ပြုလုပ်သည့် ကွန်ဖရင့်တွင် မစ္စတာဝီဒိုဒိုက အရေးပါသည့် မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ ပြည်ပရင်းနှီးမြုပ်နှံမှုမှာ လုံလောက်သည့် ထောက်ကူမှုမဖြစ်သေးဘဲ နောက်ထပ်စည်းမျဉ်းများ ဖယ်ရှားပေးရန် လိုအပ်နေသည်ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားအစိုးရသည် ၁၀ခုမြောက် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို ကြေညာခဲ့ပြီး စက်မှုကဏ္ဍ ၃၅ခုကို မသင့်လျော်သည့် ရင်းနှီးမြုပ်နှံမှုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

အအေးခန်းသိုလှောင်မှု၊ အားကစားစင်တာများနှင့် ခရီးသွားလုပ်ငန်းများကဲ့သို့ ကဏ္ဍများကို ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်အဖြစ် ခွင့်ပြုပေးတော့မည်ဖြစ်သည်။ အင်ဒိုနီးရှားက လုပ်ဆောင်နေမှုများသည် ဖြည့်ဆည်းပေးသည့်ဘက်မှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု မစ္စတာဝီဒိုဒိုက ပြောကြားခဲ့သည်။

ယခုဆောင်ရွက်နေသည့် သဘောတရားကို အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟု ဝီဒိုဒိုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly