တောင်အာဖရိကသို့ ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဝင်ရောက်မှုတွင် ပါကစ္စတန်သံတမန်များ ပါဝင်ပတ်သက်ခဲ့ဟု ဆို

တောင်အာဖရိကသို့ ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဝင်ရောက်မှုတွင် ပါကစ္စတန်သံတမန်များ ပါဝင်ပတ်သက်ခဲ့ဟု ဆို

တရားမဝင် ပါကစ္စတန်ရွှေ့ပြောင်းအခြေချသူများ၏ လုပ်ရပ်များကြောင့် တောင်အာဖရိကနိုင်ငံရောက် ပါကစ္စတန်နိုင်ငံသားများ၏ နာမည်ဂုဏ်သတင်းအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့သည်။ တရားမဝင်သော လူမှောင်ခိုကူးသူများထက် ပြည်ပရှိ သံတမန်မစ်ရှင်အဖွဲ့အသီးသီး၌ ခန့်အပ်တာဝန်ပေးအပ်ခံထားရသော ပါကစ္စတန်သံတမန်အချို့က ရွှေ့ပြောင်းနေထိုင်သူများကို တောင်အာဖရိကသို့ တရားမဝင် ဝင်ရောက်နိုင်စေရန် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပတ်သက်ထားခဲ့သည်ဆိုသည့် အချက်က ပါကစ္စတန်နိုင်ငံ၏ ပုံရိပ်ကို စွန်းထင်း စေလျက် ရှိသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပါကစ္စတန်မှ တောင်အာဖရိကသို့ တရားမဝင် ရွှေ့ပြောင်းအခြေချသူများ အဟန့်အတားမဲ့ ရောက်ရှိမှုက တောင်အာဖရိကအစိုးရအတွက် မနှစ်မြို့စရာ အခြေအနေတစ်ခု ဖြစ်စေခဲ့ကြောင်း The Geneva Daily က ဖော်ပြသည်။ 
 
မသမာသူ လူတစ်စုအပြင် တောင်အာဖရိကနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပါကစ္စတန်သံရုံးမစ်ရှင်များမှ အကျင့်ပျက် သံတမန်အချို့၏ ကူညီမှုကြောင့် ထိုအလေ့အထက တောင်အာဖရိက နိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပုံရသည်။

တရားဝင်လမ်းကြောင်းများ အသုံးပြုကာ ဝင်ရောက်ခဲ့သော ပါကစ္စတန်နိုင်ငံသားများသည်လည်း ယခုအခါ အိမ်ရှင်နိုင်ငံအစိုးရက တရားမဝင် ရွှေ့ပြောင်းများ စီးဝင်မှုကို ထိန်းသိမ်းရန် ရည်ရွယ်လုပ်ဆောင်သော အစီအမံများ၏ အဆိုးဆုံးသော အပိုင်းကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

တောင်အာဖရိကအစိုးရသည် ဆွာဇီလန်နှင့် မိုဇမ်ဘစ်တို့ရှိ လူအစုအဖွဲ့များ အသုံးပြုသော တရားမဝင် လမ်းကြောင်းများနှင့်ပတ်သက်ပြီး သိရှိထားပုံပေါ်ပြီး ပါကစ္စတန်နိုင်ငံသားများ၏ ဗီဇာလျှောက်ထားမှုများကို အသေးစိတ် စစ်ဆေးမှုများလုပ်ဆောင်ရင်း တုံ့ပြန်ထားခဲ့သည်။

တရားမဝင် ပါကစ္စတန် ရွှေ့ပြောင်းအခြေချသူများ၏ လုပ်ရပ်များကြောင့် တောင်အာဖရိကနိုင်ငံရှိ ပါကစ္စတန်နိုင်ငံသားများ၏ ဂုဏ်သတင်းအပေါ် အကြီးအကျယ် ထိခိုက်ထားစေခဲ့ပြီး ယခုအခါ တောင် အာဖရိကသို့ လာရောက်လည်ပတ်ရန် ၎င်းတို့၏ ဗီဇာလျှောက်ထားမှုများ ပယ်ချခံရမှုနှုန်းကို မြင့်တက် စေခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required