‘အနာနဲ့ဆေး တည့်ဖို့အရေး’ လိုအပ်နေတဲ့ မြန်မာ့အရေး(ဆောင်းပါး)

11 August 2022
‘အနာနဲ့ဆေး တည့်ဖို့အရေး’ လိုအပ်နေတဲ့ မြန်မာ့အရေး(ဆောင်းပါး)

စစ်ကောင်စီကတော့ (၅၅)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲက မြန်မာစစ်အာဏာသိမ်းမှုအရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်ကို လက်မခံဘဲ ကန့်ကွက်ကြောင်း တုံ့ပြန်လိုက်ပြန်ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာချက်ထုက်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးစကာလ ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးနှိမ်နင်းတော့ အာဆီယံဟာ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးလုပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုဖိတ်တယ်၊ ဆွေးနွေးညှိနှိုင်းကြပြီး ‘ဘုံသဘောတူညီချက် ၅ ရပ်’ကိုဆိုတာကို အတည်ပြုခဲ့တယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင် အာဆီယံခေါင်းဆောင်တွေရှေ့မှာ သဘောတူညီ အကောင်အထည် ဖော်ဆောင်မယ်လို့ ကတိကဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ခုတော့ အဲ့သဘောတူညီချက်ကိုလည်း မလိုက်နာခဲ့ကြောင်း မကြာသေးခင်ကတင် စစ်ကောင်စီခေါင်းဆောင်က ပေါ်တင်ဝန်ခံတဲ့အပြင်၊ အခု အာဆီယံ ဝန်ကြီးများ အစည်းအဝေးပြီး ကြေညာချက်ကိုပါ ပယ်ချက်ကန့်ကွက်တယ်ဆိုတော့ အာဆီယံကို မြန်မာစစ်ကောင်စီဟာ နည်းနည်းလေးမှ အသိအမှတ်ပြုစိတ် လေးစားစိတ်မရှိတာ အင်မတန်ကို ပေါ်လွင်သွားပါပြီ။
#Politics
#MizzimaTV 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly