“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

 

ဩဂုတ်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတမ်း ကိုင်စွဲ၍ ယနေ့ ဩဂုတ်၁၀ ရက်နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေးကာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု ၅၁၇ ရက်မြောက်အဖြစ် ဆက်လက် ချီတက် ဆန္ဒပြခဲ့ကြခြင်းဟု သိရသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly