ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ကွန်မြူနစ်ပါတီဖြင့် ထိန်းချုပ်ထားကာ နိုင်ငံသား ၁၅ ဦးလျှင် ပါတီဝင် ၁ ဦးနှုန်းရှိနေ

By ANI
10 August 2022
ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ကွန်မြူနစ်ပါတီဖြင့် ထိန်းချုပ်ထားကာ နိုင်ငံသား ၁၅ ဦးလျှင် ပါတီဝင် ၁ ဦးနှုန်းရှိနေ
Photo: EPA

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် အစည်းအဝေး နီးကပ်လာသည်နှင့်အမျှ သမ္မတရှီကျင့်ဖျင်သည် ပါတီမှ တစ်ဆင့် နိုင်ငံကို အပြည့်အဝထိန်းချုပ်ထားကာ ပြည်သူ ၁၅ ဦးလျှင် ပါတီဝင် ၁ ဦးနှုန်းရှိနေပြီး သမ္မတအပေါ် သစ္စာမစောင့်သိပါက ပြင်းပြင်းထန်ထန်အရေးယူခံရမည်ကိုလည်း ၎င်းတို့က သိနေကြသည်။

တရုတ်ပြည်သူအများအပြားသည် ကွန်မြူနစ်ပါတီအစိတ်အပိုင်းဖြစ်နေပြီး ယခင်က မတွေ့မမြင်ဖူးသည့် နည်းလမ်းများဖြင့် ရှီက ထိုပြည်သူများကို အသုံးချလျက်ရှိသည်။

ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်ပြည်တွင်းနိုင်ငံရေးတွင်း အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်အားတောင့်တင်းသော အဖွဲ့ဝင်များအဖြစ် ပြသနေသည်။ CPCဆက်လက်ရှင်သန်နေသရွေ့ နိုင်ငံ၏ ပြည်တွင်းရေးနိုင်ငံရေးမှာလည်း တည်ငြိမ်နေမည်ဖြစ်သည်။ ရှီက ထိုအကြောင်းကို နားလည် သဘောပေါက်ဟန် ရှိပြီး သမိုင်းဝင်အမွေအနှစ်တစ်ခုကို ဆက်လက်ထိန်းသိမ်းပြီး ဦးဆောင်နိုင်စေရန် ရည်ရွယ်ပြီး ယင်းအချက်အကို အသုံးချနေသည်။

တရားဝင်ကိန်းဂဏန်းများအရ CPCသည် ၂၀၂၀ ခုနှစ်အကုန်တွင် အဖွဲ့ဝင် ၃ ဒသမ ၄ သန်းထပ်မံတိုးလာပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အဖွဲ့ဝင်စုစုပေါင်း ၉၆ ဒသမ ၇ သန်းရှိလာခဲ့သည်။ ယင်းကဲ့သို့ ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခြင်းကို ကြည့်ခြင်းအားဖြင့် တရုတ်သည် ကပ်ရောဂါနှင့် ပြင်းထန်သော အသွားအလား ပိတ်ဆို့မှုများ ရှိနေသော်လည်း ပါတီအဖွဲ့ဝင်အရေးဖြင့် အလုပ်များနေခဲ့ကြောင်း သိသာသည်။

အဓိကအချက်မှာ ၂၀၁၂ ခုနှစ်တွင် သမ္မတရှီကျင့်ဖျင်အာဏာရလာပြီးနောက်ပိုင်း ပါတီအဖွဲ့ဝင်ဦးရေ တိုးလာခြင်းက ၎င်းအား လူထုထောက်ခံမှုကို ပြသနေသည်။

ပါတီ၌ အဖွဲ့ဝင်သစ်များ ထပ်မံစုဆောင်းရခြင်းအကြောင်း၏ အဓိကအချက်မှာ ပါတီလွှမ်းမိုးမှုရှိစေရန်နှင့် ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်အယူဝါဒဆိုင်ရာ ကတိကဝတ်ခိုင်မာရေးအတွက် အဖွဲ့ဝင်များရနိုင်ရန်ဖြစ်ပြီး ရှီကျင့်ဖျင်၏ အားထုတ်မှုပင်ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်သည် အခြားသူများအပေါ် သံသယလွန်ကဲသူဖြစ်ပြီး ပါတီတစ်ခုလုံးက ၎င်း၏ တတိယသမ္မတသက်တမ်းကိုထောက်ခံစေရန် အလေးထားလုပ်ဆောင်လျက်ရှိရာ ပါတီဝင် ၉၆ ဒသမ ၇ သန်းသည် ၎င်းအပေါ် သစ္စာစောင့်သိရမည်ဖြစ်သလို သစ္စာမဲ့ပါက ရာထူးအဆင့်ဆင့်သည် ပြင်းပြင်းထန်ထန် အရေးယူခံရပေမည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly