တရုတ်သမ္မတ ရှီကျင့်ဖျင်က တတိယအကြိမ်မြောက် ရာထူးသက်တမ်းကို ရရှိမည်ဟုယုံကြည်ကာ နိုင်ငံ၏ အနာဂတ်အတွက် အုတ်မြစ်ချနေ

By ANI
10 August 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်က တတိယအကြိမ်မြောက် ရာထူးသက်တမ်းကို ရရှိမည်ဟုယုံကြည်ကာ နိုင်ငံ၏ အနာဂတ်အတွက် အုတ်မြစ်ချနေ
Photo: EPA

တရုတ်သမ္မတ ရှီကျင့်ဖျင်က နောက် ၅ နှစ် သို့မဟုတ် ယင်းထက်ပိုကြာသည့်အချိန်များအတွက် နိုင်ငံအတွက် အုတ်မြစ်ချရန် စတင်နေခြင်းက သူ့အနေဖြင့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CCP) အမျိုးသားကွန်ဂရက်တွင် တတိယအကြိမ်မြောက် ရာထူးရရှိရန် သေချာကြောင်း ဖော်ပြနေသည်။

ဇူလိုင် ၂၆ ရက်နှင့် ဇူလိုင် ၂၇ ရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်၏ အရေးကြီးမိန့်ခွန်း၏ အနှစ် သာရကို သင်ယူခြင်းနှင့် ၂၀ ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက်ကိုကြိုဆိုခြင်း အမည်ပေးထားသည့် ဆွေး နွေးပွဲတွင် သမ္မတရှီက “အရေးကြီးသော” မိန့်ခွန်းကို ပြောကြားခဲ့သည်။

ဘက်စုံ “ခေတ်မီဆိုရှယ်လစ်” နိုင်ငံဆီသို့ ခရီးသစ်တစ်ခု လျှောက်လှမ်းမည့် ယင်း ၅နှစ်အတွင်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကောင်းမွန်သောအလုပ်တစ်ခု လုပ်ဆောင်ခြင်းသည် ဒုတိယရာစု၏ ရုန်းကန်မှုပန်းတိုင်ကို အကောင်အထည်ဖော်ရာတွင် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

"လုံလောက်မျှတမှုမရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာကို ပြတ်ပြတ်သားသားဆုပ်ကိုင်ထားရန် ချို့ယွင်းချက် များ၊ အားသာချက်များနှင့် အားနည်းချက်များကို အာရုံစိုက်လုပ်ဆောင်ရန်၊ အောက်ခြေကို စုစည်းပြီး၊ အားသာ ချက်များကို မြှင့်တင်ရန်၊ ပြဿနာကိုဖြေရှင်းရန် အကြံဉာဏ်အသစ်များနှင့် အစီအမံအသစ်များကို အဆိုပြုရမည် " ဟု ရှီက ပြောကြားချက်ကို The Hong Kong Post မှ ကိုးကားဖော်ပြထားသည်။

ကွန်ဂရက်တွင် လာမည့် ၅ နှစ် သို့မဟုတ် ယင်းထက်ပိုကြာသည့်အချိန်များအတွက် ပါတီနှင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေမည့် ရည်မှန်းချက်များ၊ တာဝန်များနှင့် အဓိကမူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ရည်မှန်းချက်များသည် ပါတီနှင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပြီး တရုတ်ဝိသေသ လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်၏ အနာဂတ်နှင့် အမျိုးသားပြန်လည်အင်အားကြီးမားရေး ဖော်ဆောင် ရေးတို့အတွက် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

"လက်ရှိအချိန်မှာ ရာစုနှစ်တစ်ခုအတွင်း မမြင်တွေ့ဖူးတဲ့ နက်နဲတဲ့ ပြောင်းလဲမှုတွေက ကမ္ဘာတစ်ဝန်းမှာ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေပြီး ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ထူးခြားတဲ့ အသွင် အပြင်တွေ၊ သမိုင်းဝင်ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရတယ်ဆိုတာကို ဖော်ပြနေပါတယ်။"

တရုတ်သမ္မတက ပါတီအား အဆိုးဆုံးအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ဖြစ်ပေါ်လာ နိုင်သည့်အန္တရာယ်များကို သတိထားရန် တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly