ရှီကျင့်ဖျင် တရုတ်သမ္မတဖြစ်ပြီးနောက်ပိုင်း ဖိနှိပ်ချုပ်ချယ်သော မူဝါဒများကြောင့် တရုတ်မှ အစုအပြုံလိုက် ထွက်ခွာမှုများ ဖြစ်ပေါ်နေ

By ANI
10 August 2022
ရှီကျင့်ဖျင် တရုတ်သမ္မတဖြစ်ပြီးနောက်ပိုင်း ဖိနှိပ်ချုပ်ချယ်သော မူဝါဒများကြောင့် တရုတ်မှ အစုအပြုံလိုက် ထွက်ခွာမှုများ ဖြစ်ပေါ်နေ
Photo: EPA

တရုတ်တွင် လူမျိုးစု လူနည်းစုများကို နှိပ်ကွပ်ခြင်းမှာ မထူးဆန်းသလို ဖြစ်လာကာ သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်သမ္မတ ဖြစ်လာပြီး နောက်ပိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သို့မဟုတ် ဒီမိုကရေစီကို ထောက်ခံအားပေးသူတိုင်းကို အစိုးရက အစဉ်တစိုက် ပစ်မှတ်ထားခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် တရုတ် နိုင်ငံသား ၆၁၃ ဝဝဝ သည် ၂၀၁၂ ခုနှစ်မှ စတင်ကာ ခိုလှုံခွင့် တောင်းခံထားကြောင်း ဖော်ပြခဲ့သည်။

လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီအကြောင်း ပြောဆိုသူတိုင်းသည် အာဏာပိုင်များ၏ ပစ်မှတ်ထားခံရပြီး နိုင်ငံတော်၏ ဖိနှိပ်မှုကို ခံနေရသည်။

နိုင်ငံခြားသတင်းထောက်များသည် ဗီဇာနှင့်ပတ်သက်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အား ဖမ်းဆီးခြင်းနှင့် နှင်ထုတ်ခြင်း ခံရသည့် သာဓကများလည်း ရှိကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီက ထွက်ပေါ်ခဲ့သော အစီရင်ခံစာတစ်ခုအရ ယနေ့ခေတ် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး အမျိုး သမီးအဖြစ် လူသိများသော ယန်ဟွေ့ယန်သည် ဥရောပသမဂ္ဂနိုင်ငံသားဖြစ်ခွင့်လျှောက်ထားခဲ့ခြင်းဖြင့် ဆိုက်ပရပ်စ်တွင် 'ရွှေရောင်အဆင့် နိုင်ငံကူးလက်မှတ်' ကို ရရှိထားသည်။

ရှီတာဝန်ယူချိန်ကစတင်၍ ကမ္ဘာတစ်ဝန်းတွင် ပထဝီဝင်နိုင်ငံရေးအခြေအနေများ အများအပြား ပြောင်းလဲလာ ခဲ့သည်။

အထူးသဖြင့် ၂၀၁၃ခုနှစ်နောက်ပိုင်းတွင် တောင်နှင့် အရှေ့တရုတ်ပင်လယ်များတွင် တရုတ်၏ တောင်းဆိုမှုများ အဆက်မပြတ် မြင့်တက်လာခဲ့သည်။ အခြားပိုင်နက်နယ်မြေတောင်းဆိုသူများနှင့် တရုတ်၏ အိမ်နီးချင်းများသည် တရုတ်၏ ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။

တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော မူဝါဒများသည် အစုလိုက်အပြုံလိုက် နိုင်ငံမှ ထွက်ခွာမှုကို တွန်းအား ပေးခဲ့သည်။ ဖိနှိပ်ခံရသူများတွင် ဘီလျံနာများ အပါအဝင် မည်သည့်နိုင်ငံသားမှ မလွတ်ကင်းခဲ့ပေ။

Alibaba၊ Tencent နှင့် Didi ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများသည် 'စည်းမျဉ်းစည်းကမ်း' စံနှုန်းများ နှင့် သက်ဆိုင်သည့် ပြဿနာအမျိုးမျိုးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်ရင်ဆိုင်နေခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly