ဘက်ဂျင်ဟီးနှင့် ယွန်ဟန်မင်းတို့နှစ်ဦး တွဲခုတ်နေဟု သတင်းများ ထွက်ပေါ်

ဘက်ဂျင်ဟီးနှင့် ယွန်ဟန်မင်းတို့နှစ်ဦး တွဲခုတ်နေဟု သတင်းများ ထွက်ပေါ်

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၇ ။           ။ တောင်ကိုရီးယားမင်းသားချော ယွန်ဟန်မင်းနှင့် မင်းသမီး ဘက်ဂျင်ဟီးတို့နှစ်ဦး တွဲနေသည် ဟူသော ကောလဟာလသတင်းများမှာ မဟုတ်ကြောင်း တာဝန်ရှိသူများက ငြင်းဆိုခဲ့သည်။

“ဘက်ဂျင်ဟီးနဲ့ ယွန်ဟန်မင်းတို့ တွဲနေတယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး။ သူတို့နှစ်ဦးဟာ လက်ရှိ သရုပ်ဆောင်နေတဲ့ ဒရမ်မာဇာတ်ကားမှာ ပိုပြီး ရင်းနှီးလာတာပါ။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ တွဲနေတာ မဟုတ်ပါဘူး” ဟု ဖေဖော်ဝါရီ ၁၇ ရက်က ယွန်ဟန်မင်း၏ တာဝန်ရှိသူက ပြောကြားသည်။

ဘက်ဂျင်ဟီးနှင့် ယွန်ဟန်မင်းတို့နှစ်ဦး ဈေးဝယ်ထွက်စဉ် ရိုက်ထားသည့် ဓာတ်ပုံများကို အင်တာနက်ပေါ်တွင် တင်ခဲ့ရာမှ ၎င်းတို့နှစ်ဦး တွဲနေသည်ဟု ပရိတ်သတ်များက ယူဆကြကြောင်း အစောပိုင်း သတင်းတွင် ဖော်ပြထားသည်။

“ဘက်ဂျင်ဟီးနဲ့ ယွန်ဟန်မင်းတို့နှစ်ဦးဟာ မန်နေဂျာနဲ့အတူ ဈေးဝယ်ထွက်ခဲ့ကြတယ်။ သူတို့ နှစ်ဦးဟာ ဈေးဝယ်စင်တာ အနီးမှာရှိတဲ့ ရုပ်ရှင်ရုံတွင် ရုပ်ရှင် ဝင်ကြည့်ခဲ့တယ်။ သူတို့နှစ်ဦးနဲ့အတူ အေဂျင်စီမှ ဝန်တမ်းများ ပါဝင်ခဲ့ပါတယ်” ဟု တာဝန်ရှိသူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly