ကြွေးမြီထောက်ချောက်ထဲမကျရောက်စေရန်ဇမ်ဘီယာက တရုတ်ထံမှ ချေးငွေယူမည့် အစီအစဉ်ကိုဖျက်သိမ်း 

ကြွေးမြီထောက်ချောက်ထဲမကျရောက်စေရန်ဇမ်ဘီယာက တရုတ်ထံမှ ချေးငွေယူမည့် အစီအစဉ်ကိုဖျက်သိမ်း 

တောင်အာဖရိကနိုင်ငံဖြစ်သည့် ဇမ်ဘီယာသည် နိုင်ငံများအား စီးပွားရေးအကျပ်အတည်းဆီသို့ တွန်းပို့သော တရုတ်နိုင်ငံ၏ကြွေးမြီသံခင်းတမန်ခင်းကို နားလည်ထားပုံရပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန် တရုတ်ချေးငွေအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။

တရုတ်အတွက် အမြတ်အစွန်းရှိစေမည့် ဆိုးရွားသော ချေးငွေများသည် ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင် ဒုက္ခအကြီးအကျယ်ရောက်စေခဲ့သလို ထိုလမ်းအတိုင်း လျှောက်လှမ်းနေသော ဇမ်ဘီယာမှာ ယခုအခါ ချေးငွေသဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိ ပြည်ပကြွေးမြီအချို့ကို ပြန်လည်ဆပ်ရန် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကို ညှိနှိုင်းရယူနိုင်ခဲ့သည်ဟု Financial Postကဖော်ပြသည်။ 
ဇမ်ဘီယာသည် တရုတ်အစိုးရနှင့်ပုဂ္ဂိလိကငွေချေးငှားသူများထံ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ အကြွေးတင်နေပြီး ယခင်အစိုးရထုတ်ဖော်ပြောဆိုခဲ့သည့် ပမာဏ၏ နှစ်ဆနီးပါး ရှိသည်ဟု တရုတ်-အာဖရိက သုတေသနအဖွဲ့ (CARI) ၏ ချေးငွေအချက်အလက်ဆန်းစစ်မှုတစ်ရပ်အရ ခန့်မှန်းထားသည်။

ထို့ပြင် တခြားဒဏ်ငွေပြစ်ဒဏ်များနှင့် အတိုးကြွေးကျန်များလည်း ပေးရန် ရှိနေသည်။ ဇမ်ဘီယာသည် ၂၀၀၀-၂၀၀၈ ခုနှစ်ကာလအတွင်း အများအားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍများတွင် စီမံကိန်းပေါင်း ၆၉ ခုကျော်အတွက် တရုတ်ချေးငွေကို အသုံးပြုထားကြောင်း CARI ကပြောသည်။

အတိအကျဖော်ပြခြင်းမရှိသော ဇမ်ဘီယာ၏ချေးငွေအသေးစိတ်ကို မသိရခြင်းသည် ချေးငွေကတိကဝတ်ဆိုင်ရာပြင်ဆင်မွမ်းမံမှုကို အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတကာမြီရှင်များက ထောက်ပြကြသည်။

ဇမ်ဘီယာအစိုးရနှင့်သဘောတူညီထားသောစည်းမျဉ်းသဘောသဘာဝများ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် တရုတ်သည် မဟာဗျူဟာပိုင်ဆိုင်မှုအပေါ် ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု ပြည်တွင်းဝေဖန်မှုများနှင့် နိုင်ငံတကာမှ စွပ်စွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

ဇမ်ဘီယာသည် ငွေအမြောက်အမြားချေးငှားသည့် တရုတ်၏ ဖြားယောင်းမှုကို ခံခဲ့ရကာ ကြွေးမြီထောင်ချောက်ထဲ ကျရောက်ခဲ့သည်။

ဇမ်ဘီယာနိုင်ငံ မြို့တော် လူဆာကာတွင် ၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံသား ၃ ဦး အသတ်ခံရမှုသည် တရုတ်ဆန့်ကျင်ရေးခံစားချက်များ ကြီးထွားလာနေသည့် သက်သေပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly