တရုတ်လူဦးရေ ၂၀၂၅ခုနှစ်တွင် စတင်လျော့ကျလာမည် 

တရုတ်လူဦးရေ ၂၀၂၅ခုနှစ်တွင် စတင်လျော့ကျလာမည် 

တရုတ်နိုင်ငံတွင် မိသားစုတို့၏ အရေအတွက် လျော့ကျလာပြီး သက်ကြီးရွယ်အိုအရေအတွက် များပြားလာခြင်းကြောင့်  နိုင်ငံလူဦးရေသည် ၂၀၂၅ခုနှစ်တွင် လျော့ကျလာမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကမ္ဘာ့လူဦးရေအများဆုံးတရုတ်သည် လျင်မြန်စွာ သက်ကြီးရွယ်အိုလုပ်သားအင်အား၊ စီးပွားရေးနှေးကွေးမှုနှင့် ဆယ်စုနှစ်များအတွင်း လူဦးရေတိုးပွားမှုအားနည်းခြင်းနှင့် ရင်ဆိုင်နေရသောကြောင့် လူဦးရေအချိုးမညီမျှမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

အာဏာပိုင်များသည် နိုင်ငံ၏တင်းကျပ်သော "ကလေးတစ်အိမ်ထောင်မူဝါဒ" ကို ၂၀၁၆ခုနှစ်တွင် ဖြေလျှော့ပေး ခဲ့ပြီး ၂၀၂၁ခုနှစ်က စုံတွဲများအား ကလေး ၃ ယောက်မွေးခွင့်ပြုခဲ့သော်လည်း ကလေးမွေးဖွားနှုန်းမှာ စံချိန်တင် ကျဆင်းသွားခဲ့သည်။

“လူဦးရေစုစုပေါင်းရဲ့ တိုးနှုန်းက သိသိသာသာ xနှေးကွေးသွားပြီး '၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း' ကာလတွင် အနုတ်လက္ခဏာဆောင်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင်က ၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ် ကြား ကာလကို ရည်ညွှန်းပြီး သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

ဇန်နဝါရီလတွင် အာဏာပိုင်များက ထို ၅နှစ်တာကာလအတွင်း လူဦးရေတိုးတက်မှုသည် သုည သို့မဟုတ် အနုတ်လက္ခဏာဆောင်သည့် အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

"လက်ရှိမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကလေးမွေးဖွားမှုအတွက် ထောက်ပံ့ပေးတဲ့မူဝါဒစနစ်က ပြီးပြည့်စုံမှုမရှိ သေးဘူး။ လူဦးရေတိုးနှုန်းနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကြား ကွာဟချက်ကြီးကြီးမားမားရှိနေပါတယ်" ဟု NHC က ယင်း၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း စုစုပေါင်းမွေးဖွားနှုန်းသည် ၁ ဒသမ ၃ ရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားခဲ့ပြီး ၂၀၃၅ ခုနှစ်ခန့်တွင် အိုမင်းသူဦးရေများပြားသော အဆင့်သို့ ရောက်ရှိရန်မျှော်လင့်ထားပြီး အသက် ၆၀ နှစ်အထက် ဦးရေသည် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်ရှိမည်ဖြစ်သည်။

တရုတ်၏ အချို့နေရာများတွင် အာဏာပိုင်များသည် ကလေးမွေးဖွားနှုန်း နှေးကွေးသည့် ပြဿနာကိုဖြေရှင်းနိုင် ရန် မိသားစု နှင့် လိုက်လျောညီထွေရှိသော မူဝါဒများကို စတင်ကျင့်သုံးနေပြီဖြစ်သည်။

အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ကလေး ၃ ယောက်ရှိသည့် မိသားစုများကို အိမ်ရာထောက်ပံ့ရေးရန်ပုံငွေ ချေးငွေကို ပထမဆုံးအကြိမ် လျှောက်ထားသည့်အခါ အမြင့်ဆုံးကန့်သတ်ချက်ထက် ၂၀ ရာခိုင်နှုန်း ပိုချေးယူနိုင် ကြောင်း သြဂုတ် ၁ ရက်က ကြေညာခဲ့သည်။ 

နန်ချန်နှင့် ချန်ရှားကဲ့သို့သော အခြားမြို့များသည် ပံ့ပိုးကူညီမှုဆိုင်ရာ မူဝါဒများကို ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly