တရုတ်၏ သတင်းအချက်အလက် စစ်ဆင်ရေးက ရှင်ကျန်းအရေးနှင့် ပတ်သက်၍ နိုင်ငံတကာအား နှုတ်ဆိတ်စေရန်နှင့် လွှမ်းမိုးနိုင်ရန် လုပ်ဆောင်နေ

တရုတ်၏ သတင်းအချက်အလက် စစ်ဆင်ရေးက ရှင်ကျန်းအရေးနှင့် ပတ်သက်၍ နိုင်ငံတကာအား နှုတ်ဆိတ်စေရန်နှင့် လွှမ်းမိုးနိုင်ရန် လုပ်ဆောင်နေ

တရုတ်အစိုးရသည် ရှင်ကျန်းအရေးနှင့်ပတ်သက်သော နိုင်ငံတကာအား နှုတ်ဆိတ်သွားစေရန်နှင့် လွှမ်းမိုးနိုင်စေရန် သတင်းအချက်အလက်စစ်ဆင်ရေးများကို အသုံးပြုလျက်ရှိနေသလို တရုတ်ကွန်မြူနစ်ပါတီ ၏လုပ်ဆောင်မှုများက ဝေဖန်သူများအား အသံတိတ်သွားစေရန်  ပြည်တွင်းနှင့်ပြည်ပ နှစ်ခုလုံးတွင် အောင်မြင်မှုများ ရှိနေသည်။

တရုတ်ကွန်မြူနစ်ပါတီသည် နည်းလမ်းများစွာအသုံးပြုလျက် ရှင်ကျန်းဒေသ အထူးသဖြင့် ဝီဂါအသိုက်အဝန်း အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန်သော အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကို နှုတ်ဆိတ်စေခဲ့ကြောင်း  HK Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်၏ ရှင်ကျန်းကိစ္စလုပ်ဇာတ်များသည် ၎င်းဒေသရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ကမ္ဘာ့ဝေဖန်မှုများ ကို ရှောင်လွှဲနိုင်ခဲ့သည်ဟု ဩစတြေးလျမဟာဗျူဟာမူဝါဒအင်စတီကျု (ASPI) ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်သည် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်ဆီ တိုက်ရိုက်စာရေးသားပြီး ရှင်ကျန်းအစီရင်ခံစာကို မထုတ်ပြန်ရန် တိုက်တွန်းခဲ့ကာ ဇွန်လနှောင်းပိုင်းကတည်းက ဂျနီဗာတွင် သံတမန်မစ်ရှင်များအကြား သံတမန်ရေးရာထောက်ခံချက်ရရှိရန် ကြိုးပမ်းနေခဲ့သည်။

တရုတ်သည် ထောက်ခံချက်များကို ပြသနိုင်ရေးအတွက် နိုင်ငံများအား လက်မှတ်ထိုးရန် တောင်းဆိုခဲ့သည်ဟု HK Post က ဖော်ပြသည်။

ဗြိတိန်အခြေစိုက်သံတမန်များက ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်က ထုတ်ပြန်သော အဆိုပါစာကို အတည်ပြုခဲ့ကြပြီး သံတမန် ၃ ဦးက တောင်းဆိုစာလက်ခံရရှိခဲ့သည်ဟု ဆိုသည်။

အွန်လိုင်းသတင်းအချက်အလက်စစ်ဆင်ရေးများသည် ရှင်ကျန်းအကြောင်း အပြုသဘောဆောင်သော ဖော်ပြချက်များနှင့် ပြည့်နှက်လျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုသက်သေများကို ဖုံးဖိကာ သိက္ခာဆယ်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ရှင်ကျန်းနှင့်ပတ်သက်သော တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းအချက်အလက် စစ်ဆင်ရေးများ ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်သော ASPI အစီရင်ခံစာသစ်၌ ဖော်ပြထားသည်။ 

တရုတ်ကွန်မြူတစ်ပါတီသည် နိုင်ငံဖြတ်ကျော်ဒစ်ဂျစ်တယ်ဖိနှိပ်မှုကို တွန်းအားပေးရန်နှင့် တရုတ်ပိုင်နက်အလွန်ရှိ မသိနားမလည်သောသူများကိုပါ လွှမ်းမိုးရန် နည်းပညာကို အသုံးချလျက်ရှိကြောင်း ASPI ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly