သမ္မတအဖြစ် တတိယသက်တမ်းရယူရန် ကြိုးပမ်းနေသည့် သမ္မတရှီကျင့်ဖျင်က ခေတ်သစ် ဆိုရှယ်လစ် တရုတ်နိုင်ငံအကြောင်း ပြောကြား

သမ္မတအဖြစ် တတိယသက်တမ်းရယူရန် ကြိုးပမ်းနေသည့် သမ္မတရှီကျင့်ဖျင်က ခေတ်သစ် ဆိုရှယ်လစ် တရုတ်နိုင်ငံအကြောင်း ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ၏ မကြာမီကျင်းပမည့် အမျိုးသားကွန်ဂရက်တွင် တညီတညွတ်တည်းဖြစ်စေရန် သမ္မတ ရှီကျင့်ဖျင်က ခေတ်မီ ဆိုရှယ်လစ် နိုင်ငံဆီသို့ သွားရောက်မည့် ခရီးသစ်ကို အလေးပေးဖော်ပြသည့် အရေးကြီးသော မိန့်ခွန်းကို ပြောကြားလိုက်သည်။

ပါတီကွန်ဂရက်တွင် ရှီက တင်ပြမည့် အစီရင်ခံစာ၏ ပထမမူကြမ်းကို ပေါ်လစ်ဗျူရိုတွင် ဆွေးနွေးနေပုံရသည်။

“၂၀ကြိမ်မြောက် ကွန်မြူနစ်ပါတီအမျိုးသားကွန်ဂရက် ကို ကြိုဆိုခြင်းနှင့် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ အရေးကြီးသော မိန့်ခွန်း၏ စိတ်ဓာတ်ကို သင်ယူခြင်း " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို ဇူလိုင်လ ၂၆ရက်နှင့် ၂၇ရက်တွင်ကျင်းပခဲ့သည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် လွန်ခဲ့သည့် ၅ နှစ်အတွင်း သာမန်ထက်ထူးကဲသာလွန်သည့် အောင်မြင်မှုများကိုလည်း ခြုံငုံ သုံးသပ်ပြထားသည်။

ထူးထူးခြားခြား အောင်မြင်မှုများတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ဂေဟစနစ် ယဉ်ကျေးမှု တည်ဆောက်မှု၊ နိုင်ငံတော် လုံခြုံရေးကို အကာအကွယ်ပေးရေး၊ နိုင်ငံတော် ကာကွယ်ရေနှင့် စစ်ရေး ခေတ်မီ တိုးတက်ရေး၊ ထိုင်ဝမ် ရေလက်ကြား တစ်လျှောက် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ တရုတ်လက္ခဏာများနှင့် အညီ သံခင်း တမန်ခင်း ဆက်ဆံရေးတို့ကို ရောင်ပြန်ဟပ်ဖော်ပြထားသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ အကြီးတန်းအရာရှိတစ်ဦးက တရုတ်သမ္မတနှင့် CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖျင်၏ အရေးပါသော သဘောထားမှတ်ချက်များကို စေ့စေ့ စပ်စပ်လေ့လာရန် ပြည်နယ်နှင့် ဝန်ကြီးအဆင့် အရာရှိများ လေ့လာရေး အစည်းအဝေးတွင် ဇူလိုင် ၂၇ရက်က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required