တရုတ်ကွန်မြူနစ်ပါတီက တိဗက်လူဦးရေကို ကန့်သတ်ရန် အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်းတို့ လုပ်ဆောင် 

By Tibet Rights Collective
03 August 2022
တရုတ်ကွန်မြူနစ်ပါတီက တိဗက်လူဦးရေကို ကန့်သတ်ရန် အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်းတို့ လုပ်ဆောင် 

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်လူဦးရေကို ကန့်သတ်ရန် အတင်းအကျပ်ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ယဉ်ကျေးမှုဆိုင်ရာမျိုးတုံးသတ်ဖြတ်မှုလက်နက်အဖြစ် ဟန်လူမျိုးအခြေချနေထိုင်သူများနှင့် လက်ထပ်ရန် တွန်းအားပေးနေသည်။

တိဗက်အမျိုးသမီးများသည် တရုတ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်မှုများ အားလုံးအကြားမှ ၎င်းတို့၏ လွတ်မြောက်မှုအတွက် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်ဟု တရုတ်ကိုလိုနီနယ်ချဲ့လက်အောက်ရှိ တိဗက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။

တိဗက်အမျိုးသမီးများကို အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခြင်းနှင့် အတင်းအကျပ် သားကြောဖြတ်ခြင်းများကို တိဗက်လူမျိုးများဆိုင်ရာ မိသားစုစီမံကိန်းနှင့် လူဦးရေထိန်းချုပ်ခြင်းဆိုင်ရာ သာမာန်အလေ့အထအဖြစ် အသုံးပြုခြင်းအတွက် ကျွမ်းကျင်သူများက တရုတ်နှင့် ၎င်း၏ကွန်မြူနစ်ပါတီအား ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ယဉ်ကျေးမှုဆိုင်ရာမျိုးတုံးသတ်ဖြတ်မှုနောက်ထပ်လက်နက်တစ်ခုအဖြစ် နိုင်ငံတော်က ကမကထပြု၍ ဟန်လူမျိုး အခြေချနေထိုင်သူများနှင့် တိဗက်အမျိုးသမီးများအကြား လက်ထပ်ရန် တွန်းအားပေးခြင်းဖြင့် လက်ထပ် ထိမ်းမြားခြင်းကို နိုင်ငံရေးသဘောသက်ဝင်အောင်ပြုလုပ်နေပြီး ယင်းဖြစ်စဉ်များသည် တိဗက်တွင် ဖြစ်ပျက်နေဆဲဖြစ်သည်။

တိဗက်အမျိုးသမီးများ အထူးသဖြင့် သိမ်းပိုက်ခံထားရသော တိဗက်ပြည်တွင်းရှိ နေထိုင်ကြသူများသည် ကိုလိုနီ တရုတ်လက်အောက်မှ တိဗက်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းမှုတွင် တိဗက်အမျိုးသမီးများ၏ ခံယူချက်ရဲစွမ်းသတ္တိကိုလည်း ပညာရှင်များက ချီးမွမ်းခဲ့ကြသည်။

အဆိုပါ အွန်လိုင်းဆွေးနွေးပွဲကို နယူးဒေလီရှိ ဟိမဝန္တာ အာရှလေ့လာရေးနှင့် ထိတွေ့ဆက်ဆံမှု ဗဟိုဌာန (CHASE) နှင့် ဒါရမ်ရှာလာမြို့မှ တိဗက်လူငယ်ကွန်ဂရက်တို့က  ဇူလိုင် ၃၀  ရက်နေ့ ညနေပိုင်းတွင် ပူးတွဲကျင်းပ ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required