သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသကို လွှမ်းမိုးရန် တရုတ်က ကြိုးပမ်း

သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသကို လွှမ်းမိုးရန် တရုတ်က ကြိုးပမ်း

သီရိလင်္ကာ၏ အကျင့်ပျက်နိုင်ငံရေးသမားများနှင့် မဟာမိတ်ပြုလျက် အကြွေးတင်နေသော သီရိလင်္ကာတွင် ရင်းနှီးမြှုပ်နှံမှုများကို အားကောင်းစေခြင်းဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် ယင်း၏ သြဇာကို တိုးမြှင့်ရန် တရုတ်က ကြိုးပမ်းနေသည်။

တမီလ်ခွဲထွက်ရေးသမားများ၏ ၂၆ နှစ်ကြာ ပြည်တွင်းစစ် ပြီးဆုံးသွားပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း မဟိန္ဒြာဂျာပက်ဆာ၏ သြဇာလွှမ်းမိုးမှု နက်ရှိုင်းလာခဲ့သော်လည်း ယင်းသည် တရုတ် ဝင်ရောက်လာပြီး နောက်ပိုင်းမှ ဖြစ်ကြောင်း Maldives Voice က ဖော်ပြခဲ့သည်။

သီရိလင်္ကာသည် စီးပွားရေးအထောက်အပံ့နှင့် စစ်လက်နက်ပစ္စည်းများအတွက် တရုတ်အပေါ် များစွာမှီခိုလာရသလို  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအတွက် ချေးငွေအများအပြား ရယူခဲ့ရသည်။

တရုတ်သည် သီရိလင်္ကာကို ကူညီရန်သာမက မဟိန္ဒရာဇပက်ဆာကဲ့သို့သော အကျင့်ပျက် နိုင်ငံရေးသမားများ အတွက်ပါ ဘီလီယံနှင့်ချီ၍ မြှုပ်နှံထားသည်။

သီရိလင်္ကာစစ်တပ်က တမီလ်ကျားများကို လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခြင်းနှင့် ရက်စက် ကြမ်းကြုတ်မှု များနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအထိ သတင်းရောက်ရှိသွားပြီး  သတိပေးချက်ထုတ်ပြန်ခံရခြင်းအပေါ် တရုတ်က တားမြစ်ဟန့်တားခဲ့သည်။ 
  
မဟိန္ဒရာဇပက်ဆာသည် ၂၀ဝ၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သီရိလင်္ကာတွင် ၂၀၁၅ခုနှစ်နှင့် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၂ ခုစလုံးတွင်  မဟိန္ဒရာဇပက်ဆာ၏ မဲဆွယ်စည်းရုံးမှုတွင် တရုတ်က ရင်းနှီးမြှုပ်နှံခဲ့သည်ဟု Maldives Voice က ဖော်ပြခဲ့သည်။

သီရိလင်္ကာသာမက မော်လ်ဒိုက်ကိုလည်း တရုတ်က ကြွေးမြီထောင်ချောက်ထဲသို့ ဆွဲဆောင်ရန် ကြိုးပမ်း စားခဲ့သည်။ ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သီရိလင်္ကာနှင့် မော်လ်ဒိုက်သို့ တရားဝင်သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly