အမေရိကန်လေယာဉ်တင်သင်္ဘော တောင်တရုတ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက် 

အမေရိကန်လေယာဉ်တင်သင်္ဘော တောင်တရုတ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက် 

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ပါက စစ်ရေးအရ အရေး ယူမည်ဟု တရုတ်က ခြိမ်းခြောက်ထားစဉ် လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် ယင်း၏ တိုက် ခိုက်ရေးအဖွဲ့သည် တောင်တရုတ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကာ မြောက်ဘက်သို့ ဦးတည် ခုတ်မောင်းခဲ့သည်။

ဇူလိုင် ၂၆ ရက်အထိ စင်ကာပူသို့ ၅ရက်ကြာ လာရောက်ပြီးနောက် USS Ronald Reagan သည်  စင်ကာပူမှ ထွက်ခွာသွားကြောင်း US 7th Fleet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် USS Ronald Reagan ၏ လက်ရှိတည်နေရာကို မဖော်ပြထားသော်လည်း တောင် တရုတ်ပင်လယ်တွင် ဆီဖြည့်သင်္ဘော USNS Tippecanoe နှင့်အတူရှိနေသည့် ဓာတ်ပုံအချို့ကို ဇူလိုင် ၂၇ရက်က ထုတ်ပြန်ခဲ့သည်။

သင်္ဘောခြေရာခံဝက်ဘ်ဆိုက် Marine Traffic မှ  ပေးပို့ထားသည့် အချက်အလက်များအရ USNS Tippecanoe သည် ထောက်ပို့သင်္ဘောအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း  ရောက်ရှိနေကြောင်း ဖော်ပြ ထားသည်။

သင်္ဘောသည် မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း ဖော်ပြနေသည်။

USS Ronald Reagan သည် ယင်းလမ်းကြောင်းအတိုင်း သွားမည်ဟု မဆိုလိုသော်လည်း ထိုင်ဝမ် လေ့လာစောင့်ကြည့်သူအချို့က လာမည့်ရက်များအတွင်း အဆိုပါသင်္ဘောသည် ထိုင်ဝမ်အနီးတွင် ခုတ်မောင်း သွားလာ နိုင်သည်ဟု ဆိုကြသည်။

 USS Ronald Reagan သည် အင်အားပြရန် ထိုင်ဝမ်အရှေ့ဘက်ခြမ်းအနီးတွင် ခုတ်မောင်းသွားမည်ဟု ယူဆရသော်လည်း တရုတ် ရေတပ်နှင့် ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်ကြောင်း အမည်မဖော်လိုသူ ဆန်းစစ်လေ့လာသူတစ်ဦးက RFA သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly