တရုတ်ဒုံးပျံအပျက်အစီးများ အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည်ကျလာကြောင်း အမေရိကန် အာကာသ ကွပ်ကဲမှုဌာနက အတည်ပြု

တရုတ်ဒုံးပျံအပျက်အစီးများ အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည်ကျလာကြောင်း အမေရိကန် အာကာသ ကွပ်ကဲမှုဌာနက အတည်ပြု

ကမ္ဘာ့အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တရုတ်ဒုံးပျံအပျက်အစီးများ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ကမ္ဘာ့လေထုအတွင်းသို့ ကျရောက်ခဲ့ကြောင်း အမေရိကန်အာကာသကွပ်ကဲမှုဌာနက ဇူလိုင် ၃၀ရက်တွင် ထုတ်ပြန် ခဲ့သည်။

"USSPACECOM သည် တရုတ် (PRC) Long March 5B (CZ-5B) သည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့် ပြန်လည်ကျရောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဖြစ်နိုင် ခြေရှိသော အပျက်အစီးများပျံ့နှံ့မှု + သက်ရောက်မှုတည်နေရာကဲ့သို့သော နည်းပညာဆိုင်ရာ အခြေအနေများကို နောက်ထပ်အသေးစိတ်ဖော်ပြပေးရန် တရုတ်ကို တောင်းဆိုထားသည်” ဟု ဌာန၏ တွစ်တာတွင် ဖော်ပြထား သည်။

တရုတ်တောင်ပိုင်း ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းရှိ ဝမ်ချန် အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ၂၃ တန်ရှိသော Long March-5B Y3 သယ်ဆောင်ဒုံးပျံကို ဇူလိုင် ၂၄ ရက်က လွှတ်တင်ခဲ့သည်။ အဆိုပါ ဒုံးပျံက ဝမ်ထန်းကို သယ်ဆောင်သွားခဲ့ကြောင်း တရုတ်နိုင်ငံ၏ လူလိုက်ပါသော အာကာသအေဂျင်စီ (CMSA) က ထုတ်ပြန်ခဲ့သည်။ 

Wentian ဒုံးပျံမှ ခွဲထွက်ပြီး သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း CMSA က အတည်ပြုခဲ့သည်။

ဒုံးပျံသည် ကမ္ဘာ့လေထုဆီသို့ အထိန်းအကွပ်မဲ့ ဆင်းသက်လာခဲ့ရာ တရုတ်အနေဖြင့် ဒုံးပျံ၏ အာကာသအတွင်း ကျန်ရှိနေသော အပျက်အစီးများကို ကောင်းစွာ မကိုင်တွယ်ခဲ့ကြောင်း တတိယအကြိမ် ပြစ်တင်ခံရခြင်း ဖြစ်သည်ဟု CNN သတင်း တွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ အာကာသစောင့်ကြည့်သူများသည် လူနေထူထပ်သောနေရာတစ်ခုသို့ ကျရောက်နိုင်သည့် ဖြစ်နိုင်ခြေအနည်းငယ်ရှိသဖြင့် ကမ္ဘာ၏ပတ်လမ်းရှိ ဒုံးပျံလမ်းကြောင်းကို ခြေရာခံခဲ့ကြသည်။

ဒုံးပျံအပိုင်းအစများ ပြန်လည်ကျရောက်မှုကို အမေရိကန် စစ်ဌာနချုပ်က  အတည်ပြုပြီး မကြာခင် NASA အုပ်ချုပ်ရေးမှူး ဘီလ်နယ် ဆင်က တရုတ်က Long March 5B ဒုံးပျံသည် ကမ္ဘာမြေကို ပြန်ကျသွားရာတွင်  တိကျသည့် လမ်းကြောင်းအချက်အလက်ကို မထုတ်ပြန်ခဲ့ပါဟု တွစ်တာတွင်  ရေးသားခဲ့သည်။ 

ဘော်နီယိုကျွန်းနှင့် ဖိလစ်ပိုင်ကြားရှိ ဆူလူပင်လယ်တွင် ပြန်လည်ကျဆင်းလာစဉ်အတွင်း အကြွင်း အကျန် အများစုကို မီးလောင်ကျွမ်းသွားခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required