ဂရမ်မီဆုပေးပွဲတွင် တေလာဆွဇ် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု ဆွတ်ခူး

ဂရမ်မီဆုပေးပွဲတွင် တေလာဆွဇ် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု ဆွတ်ခူး

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်သော  ၅၈ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင်  တေလာဆွဇ်သည် “1989” တေးသီချင်း အယ်လ်ဘမ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။

တေလာသည် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို နှစ်ကြိမ်ရရှိခဲ့သည့် ပထမ ဆုံး အမျိုးသမီး အဆိုတော်တစ်ဦးဖြစ်ပြီး အကောင်းဆုံး ပေါ့ပ်တေးသီချင်း အယ်လ်ဘမ်ဆုကိုလည်း ရရှိခဲ့ပြီး  “Bad Blood”တေးသီချင်းဖြင့် အကောင်းဆုံး တေးဂီတ ဗီဒီယိုဆုကို ရရှိခဲ့သည်။

ရက်ပါ ကန်းဒရစ်ခ်လာမာသည် ဆုပေးပွဲညတွင် ဆုငါးဆုဖြင့် ဆုအမျာဆုံး ရရှိထားကာ ဆုရ ရှိသူများတွင် ဦးဆောင်နေသည်။ လာမာသည် “To Pimp A Butterfly” တေးသီချင်း အယ်လ်ဘမ်ဖြင့် အကောင်းဆုံး ရက်ပ်တေးသီချင်း အယ်လ်ဘမ်ဆု၊ အကောင်းဆုံး ရက်ပ်တေးသီချင်းဆု၊ “Alright” တေးသီချင်းဖြင့် အကောင်းဆုံး ရက်ပ်ဖျော်ဖြေမှုဆု၊ အကောင်းဆုံးရက်ပ်/ တေးသီချင်း ပူးပေါင်းဖျော် ဖြေ တင်ဆက်မှုဆုနှင့် အကောင်းဆုံး တေးဂီတဗီဒီယိုဆုတို့ကို ရရှိခဲ့သည်။

ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်သည်  ၎င်း၏အောင်မြင်ကျော်ကြားသော “Thinking Out Loud” တေးသီချင်းဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးသီချင်းဆုနှင့် အကောင်းဆုံး ပေါ့တစ်ကိုယ်တော် ဖျော်ဖြေ မှုဆုတို့ကို ဆွတ်ခူးခဲ့ကာ ပထမဆုံးအကြိမ် ဂရမ်မီဆုနှစ်ဆုကို ရရှိခဲ့သည်။

The Weeknd သည် အကောင်းဆုံးမြို့ပြ ခေတ်ပေါ်တေးသီချင်း အယ်လ်ဘမ်ဆုနှင့် အကောင်းဆုံး R&B ဖျော်ဖြေတင်ဆက်မှုဆု နှစ်ဆုကို ဆွတ်ခူးခဲ့သည်။ ဂျက်စတင်ဘီဘာသည် ဆက်ခရေးလက်ဇ် ၊ဒပ်လိုတို့ ပူးပေါင်း ဖျော်ဖြေတင်ဆက်ထားသော “Wherer Are U Now” တေးသီချင်းဖြင့် အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကို ရရှိခဲ့ပြီး ပထမဆုံးအကြိမ် ဂရမ်မီဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly