စ-မှတ် ဇာတ်လမ်းတို ပရီမီယမ်လက်မှတ်ရောင်းချနေတဲ့ ချန်နယ်အတု

စ-မှတ် ဇာတ်လမ်းတို ပရီမီယမ်လက်မှတ်ရောင်းချနေတဲ့ ချန်နယ်အတု

ဩဂုတ် ၂

စ-မှတ် ဇာတ်လမ်းတို ပရီမီယမ်လက်မှတ် ရောင်းချသည်ဟုဆိုကာ တယ်လီဂရမ်ချန်နယ်ဖွင့်လှစ်ပြီး ထိုချန်နယ်လင့်ကို လိုက်လံဖြန့်ဝေလျက်ရှိနေသည်။ ထိုချန်နယ်ကို ငွေလိမ်ကောက်ခံနေသော ချန်နယ် အတုဖြစ်ကြောင်း ချစ်သုဝေနှင့် စ-မှတ် တရားဝင်ဖေ့ဘုတ်ပေ့ချ်တို့မှ ပြောကြားထားသည်။

"စ-မှတ် လက်မှတ်ရောင်းချရေးစင်တာ" ဟု အမည်ရပြီး လက်မှတ်ဈေးနှုန်းများအား မြန်မာကျပ်ငွေ၊ စင်္ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ကိုရီးယားဝမ်၊ ဂျပန်ယမ်းငွေ၊ ထိုင်းဘတ်ငွေ၊ မကာအိုငွေကြေး (MOP) နှင့် စတာလင်ပေါင် အစရှိသည့် ငွေကြေးများဖြင့် ရောင်းချလျက်ရှိကြောင်း ငွေလွဲ screen shot များပေးပို့ထားနိုင်ကြောင်း တေးသံရှင်လင်းလင်းမှ ပြောဆိုထားသကဲ့သို့ ရေးသား ဖြန့်ဝေထားသည်။

ထိုချန်နယ်လင့်ကို ဖေ့ဘုတ်တွင် "ဦးသန်းဆွေ" အမည်ရှိ ဖေ့ဘုတ်အကောင့်မှ  လက်မှတ်ဝယ်ယူရန် ဟု ညွှန်းဆိုကာ ဖေ့ဘုတ် ဂရုများတွင် ကော်မန့်ရေးသားပြီး လိုက်လံဖြန့်ဝေလျက်ရှိနေသည်။

ထိုချန်နယ်နှင့်ပတ်သက်၍ တေးသံရှင် လင်းလင်းနှင့်သရုပ်ဆောင်ချစ်သုဝေတို့အပြင် စ-မှတ် ဇာတ်လမ်းတိုပေ့ချ်မှ "စ-မှတ် ဇာတ်လမ်းတို Premium Ticketကို  Treza macrame page ရဲ့ cb မှ လွဲ၍ အခြားသော မည်သည့် channelမှ ရောင်းချခြင်းမပြုပါ။ Telegram channel အတုဖြင့် အလှူငွေလိမ်လည်ကောက်ခံနေကြပါတယ်။ ငွေလိမ်လည်ကောက်ခံနေသော channel အတုကို  ရှောင်ရှားနိုင် ဖို့ ဖော်ပြထားပါတယ်" ဟု ရေးသားအသိပေးထားသည်။

https://bit.ly/3boSZaE , https://bit.ly/3QfzIrd ,

https://bit.ly/3Jlcuh7

ထိုသို့ ချန်နယ်အတုဟု ဖော်ပြခံရပြီးနောက် ၎င်း "စ-မှတ် လက်မှတ်ရောင်းချရေးစင်တာ" တယ်လီဂရမ် ချန်နယ်ကို ရှာဖွေမရတော့ချေ။ ထို့ပြင် ဦးသန်းဆွေအမည်ရှိအကောင့်မှာလည်း ပရိုဖိုင်လော့ချထားပြီ ဖြစ်သည်။  ပရိုဖိုင်လင့် - https://bit.ly/3BDAB8L

စ-မှတ်ရုပ်ရှင်ဇာတ်လမ်းတိုနှင့်ပတ်သက်ပြီး ဇူလိုင်လ ၃၁ ရက်နေ့က ချစ်သုဝေ၏အကောင့်မှ "ပြိုကျနေတဲ့စိတ်ကိုဆွဲထူမပြီး လုပ်လက်စအနုပညာတစ်ခုကို တလရအတွက်ငွေရှာဖို့ စီစဥ်လိုက်တယ်" ဟု ရေးသားထားသည့်အပြင် ၈ရက် ၈လ မနက် ၈နာရီမှာ "စ"မှတ်မှာအတူဆုံဖို့ "စ"မှတ် ကနေ အဆုံးထိ သွားဖို့ ဟုကြေညာထားသည်။

၎င်းဇာတ်လမ်းတိုကို တေးသံရှင်လင်းလင်းက ရိုက်ကူးထားပြီး သရုပ်ဆောင်များအနေဖြင့် ဒေါင်းနှင့် ချစ်သုဝေတို့က အဓိက ပါဝင်ထားသည်။

ဩဂုတ်လ ၁ ရက်နေ့က အဆိုပါဇာတ်လမ်းတိုအတွက် ပရီမီယမ်လက်မှတ်များရောင်းချခဲ့ပြီးနောက် မသမာသူများက ယခုကဲ့သို့ ချန်နယ်အတုဖြင့် လက်မှတ်များရောင်းချသည်ဟု လိမ်လည်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required