တတိယအကြိမ် သမ္မတသက်တမ်းရရှိရေးအတွက် ရှီကျင့်ဖျင်က ပါတီ လျှို့ဝှက်အစည်းအဝေးခေါ်ယူ

By The States Man
30 July 2022
တတိယအကြိမ် သမ္မတသက်တမ်းရရှိရေးအတွက် ရှီကျင့်ဖျင်က ပါတီ လျှို့ဝှက်အစည်းအဝေးခေါ်ယူ

တရုတ်သမ္မတအဖြစ် တတိယအကြိမ်သက်တမ်းရရှိရေးအတွက် အာဏာကို စုစည်းရန် ကြိုးပမ်းသည့်အနေဖြင့် ရှီကျင့်ဖျင်က ၎င်း၏ သြဇာအာဏာကို အားဖြည့်ရန် ရည်ရွယ်သည့်အနေဖြင့် ပါတီလျှို့ဝှက် အစည်း အဝေးကို ပေ့သိုင်ဟော်ခရိုင်မြို့တွင် ခေါ်ယူကျင်းပမည်ဖြစ်သည်။

ပေ့သိုင်ဟော်နွေရာသီအပန်းဖြေစခန်းတွင် ကျင်းပမည့် ယင်းအရေးကြီးသောအစည်းအဝေးသို့ တရုတ်ကွန်မြူ နစ်ပါတီသည် ပါတီအကြီးအကဲများနှင့် ထိပ်တန်း အရာရှိများက တက်ရောက်မည်ဖြစ်သည်။

အရေးပါသော အစည်းအဝေးများကို ဩဂုတ်လတိုင်းတွင် ကျင်းပလေ့ရှိပြီး ပါတီ၏ သြဇာအရှိဆုံး အဖွဲ့ဝင်များသည် အထက်တန်းရာထူးများအတွက် ခန့်အပ်ခြင်းအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရှားရှားပါးပါး တတိယအကြိမ်ရယူရန် ကြိုးပမ်းနေသည့် ရှီကျင့်ဖျင် အတွက် ယင်းကဲ့သို့ ခန့်အပ်မှုများသည် အလွန်အရေးပါ်ကြောင်း Asia Nikkei က ဖော်ပြခဲ့သည်။

သို့သော် အာရုံစိုက်ရမည့်အချက်မှာ ပင်လယ်ကမ်းစပ်တွင် ကျင်းပသည့် လုံခြုံရေးနှင့် အစီအစဉ်များဖြစ်သည်။

ပေကျင်းမြို့အရှေ့ဘက် ကီလိုမီတာ ၃၀ဝ အကွာတွင်ရှိသော နေရာတွင် ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုအရေးပါပုံရသည်။

တရုတ်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက ရှီသည် ၂၀၃၂ ပါတီကွန်ဂရက်မတိုင်မီအထိ ရာထူးမှ ဆင်းမည် မဟုတ် ကြောင်း မှန်းဆခဲ့သည်။ သူ၏ရပ်တည်ချက်အပေါ် ကန့်ကွက်ငြင်းချက် ထုတ်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် ရှီသည် သူ၏အစီအစဉ်အတိုင်း ပါတီကွန်ဂရက်တွင် မဟာမိတ်များကို ရာထူးတိုးပေးနိုင် သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required