တရုတ်ကွန်မြူနစ်ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦး အကျင့်ပျက်ခြစားမှုဖြင့် ထုတ်ပယ်ခံရ

တရုတ်ကွန်မြူနစ်ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦး အကျင့်ပျက်ခြစားမှုဖြင့် ထုတ်ပယ်ခံရ

တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးသည် ပါတီစည်းကမ်းနှင့် ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှုများကြောင့် အစိုးရရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း တရုတ်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ထိပ်တန်းအဖွဲ့ကြီးက ဇူလိုင် ၁၈ရက်က သတင်းထုတ်ပြန်လိုက်သည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ပေကျင်းမြူနီစီပယ်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ယုလူမင်း ကို အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ပါတီဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်နှင့် အမျိုးသားကြီးကြပ်ရေး ကော်မရှင်တို့က စုံစမ်းစစ်ဆေးပြီးနောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်သတင်းဌာန၏အဆိုအရ ယုသည် လက်ဆောင်များနှင့်ငွေများကိုလက်ခံခဲ့ပြီး ပုဂ္ဂလိကချေးငွေဖြင့် ကြီးမားသော အကျိုးအမြတ်များရရှိခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။

မြေယာလွှဲပြောင်းမှု၊ စီမံကိန်းခွင့်ပြုချက်နှင့် စီမံကိန်းစာချုပ်ချုပ်ဆိုခြင်းနှင့် အခြားသူများကို ကူညီရန် ယုသည် ၎င်း၏ ရာထူးများကို အခွင့်ကောင်းယူ၍ တရားမဝင်ငွေများစွာနှင့် အဖိုးတန်ပစ္စည်းများကို တရားမဝင် လက်ခံခဲ့ ကြောင်းလည်း တွေ့ရှိခဲ့သည်။

ယုသည် ပါတီ၏ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး တာဝန်နှင့် ဆက်နွှယ်သည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ လာဘ်ပေးလာဘ်ယူမှု ရာဇဝတ်မှုတွင်လည်း သံသယရှိကြောင်း ထိပ်တန်းအရာရှိက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ပါတီစည်းမျဉ်းဥပဒေများအရ ပါတီနှင့် အများပြည်သူဆိုင်ရာ ရာထူးမှ ထုတ်ပယ်ရန်၊ တရားမဝင် ရယူထား သည့် ငွေများကို သိမ်းဆည်းကာ တရားစီရင်ရေးအတွက် အမှုတွဲများကို လွှဲပြောင်းပေးရန်တို့အတွက် ဆုံးဖြတ်ချက်ကို ချမှတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly