ဖိလစ်ပိုင်တွင် ရထားလမ်းဖောက်ရန် ဟီတာချီ စိတ်ဝင်စား

ဖိလစ်ပိုင်တွင် ရထားလမ်းဖောက်ရန် ဟီတာချီ စိတ်ဝင်စား

ဂျပန် ဟီတာချီကုမ္ပဏီက ဖိလစ်ပိုင်တွင် ရထားလမ်းဖောက်လုပ်ရေး ဖက်စပ်လုပ်ငန်းတွင် ပါဝင်ပြီး အကြီးစားအခြေခံ အဆောက်အအုံ ကဏ္ဍအတွက် စိတ်ဝင်စားမှုရှိနေကြောင်း ကုမ္ပဏီတာဝန်ရှိ သူတစ်ဦးက ပြောသည်။

ကုမ္ပဏီအနေဖြင့် ဖိလစ်ပိုင်တွင် အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့အတွက် ခြောက်လကြာမျှ ကွင်းဆင်းသုတေသနပြုစုထားကြောင်း ဟီတာချီရထားလုပ်ငန်း စီအီးအို ဒေါမာက ပြောသည်။

ဖိလစ်ပိုင်တွင် ၁၉၃၀ ခုနှစ်များက ဟီတာချီကုမ္ပဏီ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အဲယားကွန်းများနှင့် ရေခဲသေတ္တာများ ထုတ်လုပ်ရောင်းချခြင်းဖြင့် ရပ်တည်နေခြင်းဖြစ်သော်လည်း ကုမ္ပဏီ၏ အဓိကစီးပွားရေးမှာ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြစ်ကြောင်း ဒေါမာက ပြောသည်။

ရထားလမ်းတည်ဆောက်မှုလုပ်ငန်းတွင် ကမ္ဘာပေါ်၌ ဟီတာချီက နံပါတ်လေးနေရာမြောက် အကြီးဆုံးကုမ္ပဏီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ဖိလစ်ပိုင်တွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီ၌ အလုပ်သမား ၂၇၀၀ ကျော်ကို ခန့်အပ်ထားနိုင်ပြီး ဒေသတွင်း အခြေခံခံအဆောက်အအုံများ တည်ဆောက်ရေးကို လုပ်ဆောင်သွားမည်ဖြစ်သည်။

“ခုချိန်မှာ ဖိလစ်ပိုင်မှာ ရထားလမ်းတည်ဆောက်ရေးက ကုမ္ပဏီအတွက် အားနည်းနေသေးတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ မြင့်မားနေတာမို့ အနာဂတ်မှာတော့ ကုမ္ပဏီအနေနဲ့ ရထားလမ်း တည်ဆောက်ရေးတွေ များပြားတိုးတက်လာလိမ့်မှာဖြစ်တယ်။”ဟု ဒေါနာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly