ဟဲနန်ရေကြီးမှု အောက်မေ့ဖွယ်တစ်နှစ်ပြည့်၌ ပန်းများကမ်းသည့် ကျောင်းသားများကို တရုတ်ရဲများက တားမြစ်

ဟဲနန်ရေကြီးမှု အောက်မေ့ဖွယ်တစ်နှစ်ပြည့်၌ ပန်းများကမ်းသည့် ကျောင်းသားများကို တရုတ်ရဲများက တားမြစ်

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၌ရေကြီးမှုတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျောင်းသားများက အများပြည်သူ သွားလာသည့်နေရာများ၌ ပန်းများကမ်းကာ ဝမ်းနည်းကြောင်းပြသခဲ့ကြသော်လည်း တရုတ်ရဲများက ခွင့်မပြုဘဲ တားမြစ်ခဲ့သည်ဟု Hong Kong Free Press ကဖော်ပြသည်။

ကျောင်းသားများက ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် အများပြည်သူနေရာများတွင် ပန်းများကမ်းရန် ကြိုးပမ်းနေစဉ် ရဲတပ်ဖွဲ့က နှောင့်ယှက်ခဲ့သည့် ဗီဒီယိုဖိုင်သည် မကြာသေးမီက တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့သွားသည်။

ကျန်းကျိုးမြို့မှ သိရသော သတင်းစကားများအရ ပန်းများကမ်းမှု သို့မဟုတ် အောက်မေ့သတိရကြောင်း ပြသမှုသည် တားမြစ်ခံခဲ့ရသည်ဟု HK မီဒီယာကဖော်ပြခဲ့သည်။

ယမန်နှစ် ဇူလိုင် ၂၀ ရက်က ထိုဒေသ၌ ရေကြီးရေလျှံမှုစတင်ဖြစ်ပေါ်ခဲ့သော်လည်း တရုတ်မီဒီယာများတွင် ဖော်ပြခြင်းမရှိခဲ့ပေ။

တရုတ်မြို့ကြီးများ၌ ရေကြီးရေလျှံမှုကို သတင်းယူကြသည့် ပြည်ပမီဒီယာများကိုလည်း တရုတ်မီဒီယာများက ဝေဖန်ပြစ်တင်ခဲ့သည်။

တရုတ်လူမှုမီဒီယာ Weibo တွင်လည်း တရုတ်မြို့ကြီးများ၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကို သတင်းရိုက်ကူးသည့် ပြည်ပသတင်းထောက်များကို ဝေဖန်သည့် ပို့စ်များဖြင့် ပြည့်နှက်နေခဲ့သည်။

အထူးသဖြင့် ရေကြီးမှုကြောင့် ရထားတွဲတစ်တွဲအတွင်း လူ ၁ ဒါဇင်သေဆုံးခဲ့ပြီးနောက် မေးခွန်းထုတ်သည့် BBC သတင်းထောက် ရော်ဘင်ဘရန့်ကို ဝေဖန်ပြစ်တင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly