သူ့အနာဂတ်ကို ဆွေနွေးဖို့အတွက် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ တွေ့ဆုံဖို့ ရော်နယ်လ်ဒို စီစဉ်ထား

သူ့အနာဂတ်ကို ဆွေနွေးဖို့အတွက် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ တွေ့ဆုံဖို့ ရော်နယ်လ်ဒို စီစဉ်ထား
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့မှာ မန်ချက်စတာယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်နဲ့ တွေ့ဆုံပြီး ကလပ်အသင်းမှာ သူ့ရဲ့ အနာဂတ်ကို ဆွေးနွေးဖို့ ရှိနေပါတယ်။

အသက် ၃၇ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ ကလပ်အသင်းကနေ သူ့ကို ဒီနှစ်နွေရာသီမှာ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေပြီး ယူနိုက်တက်ရဲ့ ထိုင်းနဲ့ သြစတြေးလျရာသီကြိုခရီးစဉ်တွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် လွဲချော်ခဲ့ပါတယ်။

သူဟာ အသင်းနဲ့ လေ့ကျင့်မှု မရသေးပေမယ့်လည်း အခုအခါ မန်ချက်စတာကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

တန်ဟက်ဂ်က ရော်နယ်လ်ဒိုဟာ “ရောင်းချဖို့ မဟုတ်ဘူး။”  “ကျနော်တို့ရဲ့ အစီအစဉ်တွေမှာ ပါဝင်နေတယ်”လို့ အရင်က ပြောခဲ့ဖူးပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့မှာ ကစားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ကို ပြန်လာခဲ့တာပါ။

တန်ဟက်ဂ်က ရာသီကြို ခရီးစဉ်မစခင် ရော်နယ်လ်ဒိုနဲ့ စကားပြောဆိုခဲ့ပြီး - "ကျနော် ကောင်းကောင်းစကားပြောခဲ့ပါတယ်။ အဲဒါက ခရစ်တီယာနိုနဲ့ ကျနော်ကြားထဲမှာပဲ၊ ကျနော် အတည်ပြုနိုင်တာက တကယ်ကို ကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခုရှိခဲ့တယ်"လို့ ရှင်းပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ကာရင်တန်မှာ ရာသီကြိုလေ့ကျင့်ရေးကို ပြန်သွားဖို့ လွဲချော်ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

သူဟာ ကလပ်အသင်းနဲ့အစား ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ရုံးချုပ်မှာ လေ့ကျင့်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တတိယမြောက်ဖြစ်ခဲ့ပေမယ့် ကလပ်အသင်းရဲ့ ရာသီတစ်ခုလုံးကို စိတ်ပျက်စရာကြီးအဖြစ် မြင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နဲ့ ပြီးဆုံးခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးတော့ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း တစ်နှစ်ကျန်အပါအဝင် နောက်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတဲ့ ရော်နယ်လ်ဒိုအနေနဲ့ ယူရိုပါလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ကစားရမှာဖြစ်တယ်လို့ ဆိုရမှာပါ။

ဒါဟာ သူ သဘောကျတဲ့ ရည်မှန်းနေတဲ့ အရာမဟုတ်သလို ဘလွန်းဒီအောဆု ငါးကြိမ် ဆွတ်ခူးထားသူဟာ သူ့ရဲ့ ကစားသမားဘဝ ဒီအဆင့်မှာ သူ့အတွက် ပိုမိုဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတွေ ရှိနိုင်တယ်လို့ ခံစားနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဆိုပါကစားသမားအပေါ် သူတို့ရဲ့စိတ်ဝင်စားမှုကို ဒီလအစောပိုင်းက အဆုံးသတ်ခဲ့ပြီး သူဟာ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့လည်း ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်လ်ဒိုကို ရောင်းထုတ်မယ့် ကစားသမားအဖြစ် မမှတ်ယူဘူးလို့ သိရှိထားပါတယ်။

ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်မှာ ဗယ်လီကာနိုနဲ့ ယှဉ်ပြိုင်ကစားမယ့် ရာသီကြို နောက်ဆုံးပွဲစဉ်မတိုင်ခင် စနေနေ့ နော်ဝေမှာ အက်သလက်တီကို မက်ဒရစ်နဲ့ ကစားမှာ ဖြစ်ပါတယ်။

ရာသီသစ်ရဲ့ ပထမဆုံးပွဲကတော့ ဩဂုတ် ၇ ရက် တနင်္ဂနွေနေ့မှာ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly