ဝေဟင်မှ ချိန်းခြောက်မှုအသစ်များဆိုတဲ့ အစီအရင်ခံစာကို ပြီးခဲ့တဲ့ ဇွန်လက တင်ပြခဲ့ပြီး၊ အစီရင်ခံစာထဲမှာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုက ပိုမိုပြင်းထန်လာကြောင်း၊
စစ်ရှောင်လူဦးရေ ပိုမိုတိုးများလာနေကာ၊ စစ်တပ်က ပြည်သူတွေ ရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ပြုလုပ်နေတာကို နိုင်ငံတကာက သိရှိနိုင်အောင် မီးမောင်းထိုးပြထားသလို၊
လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သတင်းအချက် ကောက်ယူစုဆောင်းနေတဲ့ အဖွဲ့အစည်းအားလုံး စုစည်းပြီး ကွန်ယက်ဖွဲ့စည်းကာ သတင်းအချက်အလက်တွေကို Data Base သိမ်းယူထားပြီး၊ စစ်ကောင်စီက ကျူးလွန်ထားတဲ့၊ သူတို့ကို နိုင်ငံတကာ စစ်ခုံရုံး တင်နိုင်တဲ့ သက်သေအထောက်အထားတွေ ခိုင်ခိုင်မာမာ ကောက်ယူထားကြောင်းတွေ အပါအဝင် အခြားအကြောင်းအရာတွေကို ကချင်အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မမွန်းနေလီက သုံးသပ်ဆွေးနွေးထားပါတယ်။