စပါးအနေဖြင့် အသင်းတိုင်းကို အနိုင်ကစားနိုင်စွမ်းရှိသည်ဟု ဟယ်ရီကိန်း ကြံုးဝါး

စပါးအနေဖြင့် အသင်းတိုင်းကို အနိုင်ကစားနိုင်စွမ်းရှိသည်ဟု ဟယ်ရီကိန်း ကြံုးဝါး

ဖေဖေါ်ဝါရီ ၁၅၊ ရန်ကုန် ။             ။ မန်စီးတီးကို ၂ - ၁ ဂိုးဖြင့်အနိင်ရခဲ့သောပွဲအပြီးတွင် စပါးအသင်းအနေဖြင့် အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိသည် ဟု တိုက်စစ်မှူး ဟယ်ရီကိန်းက ကြုံးဝါးခဲ့သည်။

အဆိုပါနိုင်ပွဲအပြီးတွင် စပါးအသင်းမှာ အမှတ်ပေးဇယားအဆင့် ၂ နေရာအထိတက်လှမ်းနိုင်ခဲ့ပြီး ဇယားထိပ်မှ လက်စတာနှင့် ၂ မှတ်သာကွာဟနေသည်။ “လက်ရှိအသင်းခြေစွမ်းက ဘယ်အသင်းမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ခံစားရပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးနဲ့ အဝေးကွင်းမှာရင်ဆိုင်ရတာ တကယ်ခက်ပါတယ်။ အသင်းတိုင်းက ရပ်တည်မှုအတွက်ရုန်းကန်နေချိန်မှာရတာ တကယ့်ကိုကျေနပ်စရာပါ။ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်ဖို့လိုပါတယ်။”ဟု ဟယ်ရီကိန်းကပြောသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ယခုနှစ်ဘောလုံးရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ပွဲတွင် ၁၉ ဂိုးသွင်းယူထားနိုင်သည်။ အမှတ်ပေးချန်ပီယံဆုကို ၁၉၆၁ခုနှစ် ကနောက်ဆုံးရရှိထားသော စပါးအသင်းမှာ ၅၅နှစ်အကြာတွင် ချန်ပီယံဆုပြန်လည်ရရှိရန် အိပ်မက်ခွင့်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly