အရှေ့အလယ်ပိုင်းတွင် စွက်ဖက်မှုရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို တောင်းဆို

အရှေ့အလယ်ပိုင်းတွင် စွက်ဖက်မှုရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကို တောင်းဆို

အမေရိကန်သမ္မတ၏ ဆော်ဒီအာရေဗျနိုင်ငံသို့ မကြာသေးမီက သွားရောက်လည်ပတ်မှုအား တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြစ်တင်ရှုတ်ချကာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဖေဆယ် မက်ဒက်ဂ်နှင့် အွန်လိုင်းအစည်းအဝေးအတွင်း အရှေ့အလယ်ပိုင်း၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ရန် အမေရိကန်အား ဇူလိုင်လ ၁၅ရက် တောင်းဆိုလိုက်သည်။

ကိုယ်ပိုင်စံနှုန်းများကိုအခြေခံ၍ ဒေသတွင်းကို အသွင်ပြောင်းရန် ကြိုးပမ်းမှုအတွက် အမေရိကန်အား အပြစ် တင်လိုက်သည့် ဝမ်ယိက အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများအား အရှေ့အလယ်ပိုင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို အမှန်တကယ် လေးစားရန် တောင်းဆိုခဲ့ကြောင်း China Daily သတင်းတွင် ဖော်ပြ ထားသည်။

ဒေသတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များကို နားထောင်ခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုပြီး တရုတ်က ဆီးရီးယား၏ အချုပ်အခြာအာဏာ လွတ်လပ်ရေး၊ နယ်မြေဂုဏ်သိက္ခာနှင့် အမျိုသား ဂုဏ်သိက္ခာကို ကာကွယ်ရန် ဆက်လက်ပြောဆို သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

အမေရိကန်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး ဆီးရီးယားကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုခဲ့ကာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ကိုယ်တိုင် လွတ်လပ်စွာရှာဖွေလျက် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် စည်းလုံးညီညွတ်မှုနှင့် ကိုယ်ပိုင်တိုးတက်ရေးအတွက် အရှေ့အလယ်ပိုင်း ဒေသရှိ ပြည်သူများအား တရုတ်က ခိုင်မာစွာ ပံ့ပိုးကူညီနေ သည်ဟု ၎င်းက ပြောကြားသည်။

ပါလက်စတိုင်းအရေးကို နိုင်ငံတကာ ဦးစားပေးအစီအစဉ်တွင် ပြန်လည်ထည့်သွင်းရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းမှုကို အားကောင်းစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားသည်။

ပါလက်စတိုင်းပြဿနာသည် အရှေ့အလယ်ပိုင်းပြဿနာများ၏ အဓိကအချက်ဖြစ်သောကြောင့် နိုင်ငံတ ကာအသိုင်းအဝိုင်းမှ မေ့လျော့မသွားသင့်ဘဲ ဘေးဖယ်ထားဆဲဖြစ်ကြောင်းနှင့် ပါလက်စတိုင်းပြည်သူများ ခံစားနေရသည့် အခက်အခဲများကို ဆက်လက်ပြီး ခွင့်မပြုသင့်ကြောင်း ဝမ်က ပြောကြားသည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး တရုတ်၏ ရှင်ကျန်း၊ ဟောင်ကောင်၊ တိဗက်တို့နှင့် ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများက ဖြန့်ချိနေသည့် ကောလာ ဟလများသည် မထိရောက်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required