တရုတ်က ကွန်ဂိုရှိ ကိုဘော့သတ္္ထုတွင်းများတွင် ကလေးလုပ်သား ၄၀,ဝဝဝ ကို အဓမ္မလုပ်အားခေါင်းပုံဖြတ် စေခိုင်းနေ

တရုတ်က ကွန်ဂိုရှိ ကိုဘော့သတ္္ထုတွင်းများတွင် ကလေးလုပ်သား ၄၀,ဝဝဝ ကို အဓမ္မလုပ်အားခေါင်းပုံဖြတ် စေခိုင်းနေ

ကွန်ဂိုနိုင်ငံရှိ ကိုဘော့ သတ္္ထု တွင်းများတွင် ကလေးလုပ်သား ၄၀,ဝဝဝ ကို တရုတ်က လုပ်အား ခေါင်းပုံဖြတ်အသုံးချနေပြီး “ကွန်ဂိုနိုင်ငံ သတ္္ထု တွင်းလုပ်ငန်းတွင် ကလေးအလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ”ဟု ခေါင်းစဉ် တပ်ထားသည့် တရုတ်လူ့အခွင့်အရေးချိုးဖောက်မှုများဆိုင်ရာ လွှတ်တော် ကြားနာပွဲတစ်ခုတွင် ကလေးလုပ်သားနှင့်ပတ်သက်ပြီး မျက်မြင်သက်သေများက သက်သေထွက်ဆို လိုက်သည်။

လျှပ်စစ်ကိရိယာများနှင့် လျှပ်စစ်ကားများကို စွမ်းအားပေးသော ကိုဘော့ သတ္္ထုတူးဖော်ရန် အန္တရာယ်ရှိသော အခြေအနေအောက်တွင် တရုတ်က ကလေးများအား အတင်းအဓမ္မစေခိုင်းနေသည်ဟု Zelda Caldwell က Catholic News Agency တွင် ရေးသားထားသည်။

“လူကုန်ကူးခံရတဲ့ အလုပ်သမားတွေနဲ့ ကလေးလုပ်သားတွေကို အသုံးချပြီး တရုတ်က ကွန်ဂိုရဲ့ ကြီးမားလှတဲ့ ကိုဘော့အရင်းအမြစ်တွေကို အသုံးချပြီး သူ့ရဲ့ စီးပွားရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေကို တိုးတက်အောင် လုပ်ဆောင်နေပါတယ်” ဟု ဇူလိုင်လ ၁၄ရက်က ပြုလုပ်ခဲ့သည့် တွမ်လန်တိုစ် လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲကို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် နယူဂျာစီအမတ် ခရစ်တိုဖာစမစ်က ပြောကြားသည်။

ကွန်ဂို၏ သတ္္ထု တူးဖော်ရေး လုပ်ငန်းတွင် တရုတ်က အဓိကလုပ်ကိုင်နေသည့် နိုင်ငံဖြစ်သည်။ ၂၀၁၉ ခုနှစ် စာရင်းအရ တရုတ်က တင်သွင်းသည့် ကိုဘော့၏ ၈၃ ရာခိုင်နှုန်းနှင့် သန့်စင်ပြီး ကြေးနီနှင့် ကြေးနီသ သတ္္ထုစပ် ၉ ရာခိုင်နှုန်းအား ကွန်ဂိုမှ တင်သွင်းခဲ့ပြီး တရုတ်ကုမ္ပဏီများသည် DRC ၏ကြေးနီနှင့် ကိုဘော့ သတ္္ထု တူးဖော်ရေး စီမံကိန်း များနှင့် ထွက်ရှိမှုအများစုကို ထိန်းချုပ်ထားကြောင်း Globe and Mail သတင်းတစ်ပုဒ်က ဆိုသည်။

'အစိမ်းရောင်စီးပွားရေးလို့ခေါ်တဲ့ ဆိုလာပြားတွေကို စွမ်းအင်ပေးဖို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကိုဘော့ဘက္ထရီနဲ့ လီသီယမ်ကို အသုံးပြုတာက လူသားလောဘဇောကို မီးထိုးပေးလို့ ကွန်ဂိုမှာ ခန့်မှန်းခြေ ကလေး ၄၀,ဝဝဝ လောက်က အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ စည်းကမ်းထိန်းကြောင်းမှုမရှိတဲ့ လက်ထုတ်မိုင်းတွေမှာ လုပ်ကိုင် နေရပါတယ်' ဟု စမစ်က ပြောကြားခဲ့သည်။

ကွန်ဂိုသည် ကမ္ဘာပေါ်ရှိ ကိုဘော့စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနေပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို လူအင်အားသုံးတွင်းများမှ ထုတ်လုပ်သည်။

နှစ်ပေါင်းများစွာကြာအောင် ယင်းအသေးစားလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် နာမည် ဆိုးနှင့် ကျော်ကြားခဲ့သည်။

ကလေးငယ်များသည် ငယ်ရွယ်ခြင်းကြောင့် လူကုန်ကူးခံရပြီး ခေါင်းပုံဖြတ်ခံနေရကြောင်း ကြားနာမှုတွင် ကွန်ဂိုလူ့အခွင့်အရေးရှေ့နေ ကျွန်ဂုက သက်သေခံထွက်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required