အိန္ဒိယတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၄ ဦးကို ဖမ်းဆီး

အိန္ဒိယတွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၄ ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ အပိုင်း ၄၉ ရဲစခန်းဧရိယာတွင် ၂၀၂၀ပြည့်နှစ်ကတည်းက တရားမဝင်နေထိုင်သည်ဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသား ၁၄ ဦးကို ဇူလိုင်လ ၁၃ရက်တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရမိသော တရုတ်နိုင်ငံသားများ၏ လုပ်ငန်းဗီဇာများသည် ၂၀၂၀ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဗီဇာသက်တမ်းတိုးမှုအတွက် လျှောက်ထားခြင်းကိုလည်း မကြာသေးမီက ပယ်ချခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများတွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်သည်။ ၎င်းတို့အား ထိန်းသိမ်းရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသားများသည် နိုအီဒါမြို့ အပိုင်း ၂ ရှိ ပုဂ္ဂလိက မိုဘိုင်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။

၎င်းတို့အား နေရပ်ပြန်ပို့ရေးနှင့် ဆက်စပ်သော စုံစမ်းစစ်ဆေးမှုများအတွက် ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားသည်။

၂၀၂၁ခုနှစ် ကလည်း ဥတ္တရာပရာဒေ့ရှ်အကြမ်းဖျက်တိုက်ဖျက်ရေးအဖွဲ့ (ATS) က ဂေါတန်ပူနဂါမှ တရုတ်နိုင်ငံ သား ၂ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စူစူဖာနှင့် လီတန် အမည်ရသော နိုင်ငံခြားသား ၂ ဦးစလုံးကို ဥတ္တရာပရာဒေ့ရှ်ရဲတပ်ဖွဲ့က အစောပိုင်းက ထုတ်ပြန်ခဲ့သော အနီရောင်အဆင့်သတိပေးချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly