ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အာဇာနည်တစ်ဦးမဖြစ်ချင်ကြောင်း ဟောင်ကောင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပြောကြား

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အာဇာနည်တစ်ဦးမဖြစ်ချင်ကြောင်း ဟောင်ကောင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပြောကြား

ဟောင်ကောင်တွင် ဆူပူလှုံ့ဆော်မှုဥပဒေဖြင့် ထောင်ဒဏ် ၉ လချမှတ်ခံခဲ့ရသည့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ ကိုစူးယွိက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အာဇာနည်တစ်ဦးဖြစ်ရန် စိတ်မဝင်စားကြောင်း ပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီကို ရှုတ်ချသည့် စာတိုများဖော်ပြထားသည့် လက်ဖြစ် သစ်သားခေါင်းတလားကို ကိုစူးယွိက ပြုလုပ်ခဲ့ပြီး မကြာခဏ ဟောင်ကောင် ဆန္ဒပြပွဲများတွင်း အသုံးပြုလေ့ရှိကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၄ ရက်တွင်လည်း လက်လုပ်သစ်သား ခေါင်းတလားကို ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံးသို့ သယ်ဆောင်သွားရန် စီစဉ်ထားသော်လည်း အမျိုး သားလုံခြုံရေး ရဲများက ၎င်း၏ တိုက်ခန်းကို ဝင်ရောက်စီးနင်းကာ ဆန္ဒမပြမီ ကိုစူးယွိကို ဖမ်းဆီးခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အိုလံပစ်ပွဲတော်ကို ဆန့်ကျင်ဆန္ဒပြရန် စီစဉ်သည်ဆိုကာ ဆူပူလှုံ့ ဆော်မှုဥပဒေဖြင့် ဟောင်ကောင်တရားရုံးတစ်ရုံးက ထောင်ဒဏ် ၉လ ချမှတ်ခဲ့သည်။

ဟောင်ကောင် တက်ကြွလှုပ်ရှားသူ၏ သူငယ်ချင်းများက ကိုစူးယွိသည် အူမကြီးကင်ဆာ အဆင့် ၄ ခံစားနေရ ခြင်းကြောင့် ထောင်ဒဏ် လပိုင်းသာကျခံရမည်ဆိုသော်လည်း ထောင်ထဲတွင် သေဆုံးသွားမည်ကို စိုးရိမ်နေကြသည်။

သို့သော် ကိုစူးယွိက စီရင်ချက်မချမီ သူ့ကို သနားရန် မလိုကြောင်း တရားရုံးကို တိုက်တွန်းခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာဇာနည်တစ်ဦးဖြစ်ဖို့ စိတ်မဝင်စားပါဘူး” ဟု ကိုစူးယွိက ပြောကြားခဲ့သည်။

ဟောင်ကောင်တက်ကြွလှုပ်ရှားသူ၏ ရှေ့နေက ကိုစူးယွိ၏ ဆန္ဒပြမှု အစီအစဉ်ကို ရာဇဝတ်မှုဟု မယူဆသင့်ဘဲ အကြမ်းဖက်မှု တစ်စုံတစ်ရာ မပါဝင်ကြောင်း ခုခံချေပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required