ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာကို မထုတ်ပြန်ရန် ကုလလူ့အခွင့်အရေးအကြီးအကဲထံ တရုတ် အကြောင်းကြား

ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာကို မထုတ်ပြန်ရန် ကုလလူ့အခွင့်အရေးအကြီးအကဲထံ တရုတ် အကြောင်းကြား

တရုတ်သည် ရှင်ကျန်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအစီရင်ခံစာကို မထုတ်ပြန်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်အား အကြောင်းကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

တရုတ်သည်က ဇွန်လနှောင်းပိုင်းကတည်းက ဂျနီဗာရှိ သံတမန်ခရီးစဉ်များအကြားတွင် အစီရင်ခံစာကို မထုတ်ပြန်ရန် တိုက်တွန်းခဲ့ကာ ထောက်ခံကြောင်းပြသသည့်အနေဖြင့် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သည်။

ဘက်ချလက်သည် ရှင်ကျန်းနှင့် တိဗက်ကဲ့သို့သော ဒေသများတွင် လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် ဝီဂါနှင့် တိဗက်လူမျိုးများအပေါ် ကျူးလွန်မှုများကို တရုတ်အနေဖြင့် တာဝန်ယူခံစေရန် ရှားပါးအခွင့်အရေးဖြစ်သည့် မေလအတွင်း ရှင်ကျန်းခရီးစဉ်တွင် တရုတ်နိုင်ငံအပေါ် ပျော့ပြောင်း လွန်းသည့် အတွက် ဝေဖန်မှုများပြင်းပြင်းထန်ထန် ခံခဲ့ရကာ လူ့အခွင့်အရေးအဖွဲ့အကြီးအကဲ၏ ပထမဆုံးလာရောက် လည်ပတ်မှုသည် သမိုင်းဝင်အခွင့်အရေးကို အလဟဿဖြစ်စေခဲ့ပုံပေါ်သည်။

ဘက်ချလက်၏ အလွန်စိတ်ပျက်စရာကောင်းသော ခရီးစဉ်အပြီးတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တာ၀န်ယူရန် တရုတ်အစိုးရအနေဖြင့် ဆန္ဒရှိကြောင်း ပြသသည့်အနေဖြင့် အရှေ့တာကစ္စတန်ရှိ အခြေအနေများကို အလွတ်သဘော အကဲဖြတ်သုံးသပ်ချက် ထုတ်ပြန်ရန် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) က ကုလရုံးအား တိုက်တွန်းခဲ့သည်။

တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု (ICT) က ဘက်ချလက်၏ တရုတ်ခရီးစဉ်အပေါ် စိတ်ပျက်မိကြောင်းနှင့် အဆိုပါ ခရီးစဉ်သည် ကွန်မြူနစ်အစိုးရအတွက် နိုင်ငံရေးအောင်ပွဲပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအခွင့်အရေးအကြီးအကဲသည် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒဘောင်များကို ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ အသိအမှတ်ပြုလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ တိဗက်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါနှင့် တခြားတာကစ်လူမျိုးများအပေါ် တရုတ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှိပ်စက်မှုများနှင့် အစုလိုက်အပြုံလိုက် ချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ယဉ်ကျေးမှုဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုနှင့် တခြား ပြစ်မှုစသော စနစ်တကျလုပ်ဆောင်သည့် မူဝါဒများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း လူ့အခွင့်ရေးအဖွဲ့ ဒါဇင်ပေါင်းများစွာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required