တရုတ်က အမေရိကန်တရားစီရင်ရေးစနစ်ထဲသို့ ထိုးဖောက်စိမ့်ဝင်နေကြောင်း သတင်းများထွက်ပေါ်

တရုတ်က အမေရိကန်တရားစီရင်ရေးစနစ်ထဲသို့ ထိုးဖောက်စိမ့်ဝင်နေကြောင်း သတင်းများထွက်ပေါ်

အမေရိကန်အခြေစိုက် ဥပဒေကုမ္ပဏီ Paul Hastings LLP ၏ ဝင်ငွေအများစုသည် တရုတ်နိုင်ငံမှ လာပြီး အမေရိကန်၏ တရားစီရင်ရေးမဏ္ဍိုင်ကို စိမ့်ဝင်ရန် တရုတ်က ကြိုးပမ်းနေကြောင်း သတင်းများတွင် ဖော်ပြလျက်ရှိသည်။

Paul Hasting LLP သည် အမေရိကန်တွင် အခြေစိုက်သည့် ကမ္ဘာလုံးဆိုင်ရာ ဥပဒေကုမ္ပဏီတစ်ခုဖြစ်သည်။ လူမှုမီဒီယာအသုံးပြုသူအချို့က အမေရိကန်တရားစီရင်ရေးစနစ်အတွင်းသို့ တရုတ်ကွန်မြူနစ်ပါတီက စိမ့်ဝင်နေသည်ဟု ပြောဆိုလျက်ရှိသည်။

တရုတ်မှ လာသော Paul Hastings LLP ၏ ဝင်ငွေကို ထောက်ပြခြင်းအားဖြင့် ယခုကဲ့သို့ ကောက်ချက်ချခြင်း ဖြစ်သည်။

၎င်းတို့၏ ပြောဆိုချက်များကို သက်သေပြရန် အထောက်အထားများရှိကြောင်း ဆိုသည်။

ထို့ပြင် တရုတ်အစိုးရအား ဝေဖန်သူများကို နှုတ်ဆိတ်နေစေရန် လုပ်ဆောင်သည့် အစီအစဉ်နှင့် စပ်လျဉ်း၍ 'ခြေရာခံခြင်း၊ နှောင့်ယှက်ခြင်းနှင့် သူလျှိုလုပ်ခြင်း' တို့ကြောင့် လူ ၅ ဦးကို အမေရိကန်ရှိ ဂျူရီလူကြီးများက စွဲချက်တင်လိုက်သည်။

“တရုတ်အစိုးရကိုယ်စား နိုင်ငံဖြတ်ကျော် နှိပ်ကွပ်သည့်အစီအစဉ်နှင့် ပတ်သက်သည့် ရာဇဝတ်မှုမျိုးစုံကို လက်ရှိပြည် ထောင်စု ဥပဒေအရာရှိတစ်ဦးနှင့် အငြိမ်းစား ပြည်ထောင်စု ဥပဒေအရာရှိတစ်ဦး အပါအဝင် တရားခံ ၅ ဦးကို ဇူလိုင်လ ၆ရက်က ဘရွတ်ကလင်းပြည်ထောင်စု ဂျူရီလူကြီးများက စွဲချက်တင်လိုက်သည်” ဟု အမေရိကန် တရားရေးဌာနက ဇူလိုင် ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရားခံများမှာ နယူးယောက်၊ ဂျဲရစ်ချိုမှ အသက် ၆၂နှစ်အရွယ် ဖန်ဖရန့်လျှို၊ နယူးယောက်၊ အော်စတာ ဘေးလ်မှ အသက် ၄၉ နှစ်အရွယ် မက်သရူးဇီဘူရစ်၊ တရုတ်မှ ၄၀ အရွယ် ချင်ဂျက်ဆင်ဆွန်တို့ကို ၂၀၂၂ခုနှစ် တွင် တရုတ် အစိုးရ၏ နိုင်ငံရေးအမြင်နှင့် လုပ်ရပ်များကို မနှစ်သက်သော အမေရိကန်တွင် နေထိုင်သူများကို ပစ်မှတ်ထား၍ နိုင်ငံဖြတ်ကျော် နှိပ်ကွပ်မှုအစီအစဉ်ကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် နေထိုင်သည့် တရုတ်အစိုးရကို ဝေဖန်သော တရုတ်နိုင်ငံသား တစ်ဦး၏ အနုပညာလက်ရာကို ဖျက်ဆီးရန် ကြံစည်ကာ တရုတ်အစိုးရက သူလျှိုလုပ်ရန် အနုပညာရှင်၏ လုပ်ငန်းခွင်နှင့် ကားများတွင် ထောက်လှမ်းရေးကိရိယာများ တပ်ဆင်ထားသည်ဟု အဆိုပါတရားခံများသည် စွပ်စွဲခံထားရသည်။

လျှိုနှင့် ဇီဘူရစ်တို့သည့် ၂၀၂၂ခုနှစ် မတ်လတွင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ဆွန်က လွတ်မြောက်နေသေးသည်။

တရားစွဲဆိုမှုတွင် တရားခံအသစ် နှစ်ဦးဖြစ်သည့် ကာဂျီမေလာနှင့် ဒတ်ထရစ်တေလာတို့ကိုလည်း ထည့်သွင်း ထားသည်။

မေလာသည် မင်နီပိုလစ်ရှိ အမိမြေလုံခြုံရေးဌာန (DHS) ၏ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင်လက်ရှိ ပြည်နှင်ဒဏ်ပေးရေး အရာရှိအဖြစ် တာဝန်ယူထားသည့် လုပ်သက် ၁၅နှစ်ရှိဝန်ထမ်းဖြစ်ပြီး တေလာသည် ကယ်လီဖိုးနီးယားပြည်နယ်၊ အာဗင်တွင် လက်ရှိ ပုဂ္ဂလိက စုံစမ်းစစ်ဆေးရေးမှူးအဖြစ်လုပ်ကိုင်နေသော အငြိမ်းစား DHS ဥပဒေစိုးမိုးရေးအေးဂျင့်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required