တရုတ် တင့်ကားများ ဟီနန်ဘဏ်ဆန္ဒပြသူများကို ခြိမ်းခြောက်ရန် လမ်းများပေါ် ရောက်ရှိလာ

တရုတ် တင့်ကားများ ဟီနန်ဘဏ်ဆန္ဒပြသူများကို ခြိမ်းခြောက်ရန် လမ်းများပေါ် ရောက်ရှိလာ

ထိန်းချုပ်ထားသော ငွေများ ထုတ်ခွင့်ရရေးအတွက် ဘဏ်တွင် ငွေအပ်နှံထားသူများ၏ ကြီးမားသော ဆန္ဒပြပွဲ များဖြစ်ပေါ်နေစဉ် တရုတ်ကွန်မြူနစ်ပါတီ၏ တင့်ကားများသည် ဟီနန်ဘဏ်တွင် ဆန္ဒပြသူများကို ခြောက်လှန့် ရန် ဇူလိုင်လ ၂၀ရက်တွင် လမ်းများပေါ်သို့ ရောက်ရှိလာသည်။

တရုတ်စစ်တပ်၏ တင့်ကားများသည် ရှန်တုန်ပြည်နယ်၊ ရိကျောင်ခရိုင်မြို့ရှိ ဘဏ်များကို ကာကွယ်ရန် လမ်းများပေါ်တွင် ထွက်ပေါ်လာကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်ဘဏ်၏ ဟိုင်နန်ဘဏ်ခွဲမှ ဘဏ်ခွဲရှိ လူများ၏ စုဆောင်းငွေများသည် 'ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်များ' ဖြစ်သောကြောင့် ထုတ်ယူ၍ မရနိုင်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် အဆိုပါ အဖြစ်အပျက် များဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်ရှိ ရွာများမှ ငွေအပ်နှံထားသူများသည် ထိန်းချုပ်ထားခံထားရသော ငွေများမှ ဇူလိုင်လ ၁၅ ရက်တွင် ပထမအသုတ်ငွေများကို ပြန်ရမည်ဟု ကတိပြုခံထားရသော်လည်း ငွေအပ်နှံထားသူ လက်တစ်ဆုပ်စာသာ ငွေလက်ခံရရှိပြီး ဘဏ်များတွင် ငွေပို တစ်စုံတစ်ရာ ရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ဇူလိုင်လ ၁၀ ရက်တွင် ငွေအပ်နှံထားသူ ၁,ဝဝဝ ကျော်သည် တရုတ်ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်၏ ကျန်းကျိုးဘဏ်ခွဲ အပြင်ဘက်တွင် စုရုံးကာ အင်အားအများဆုံး ဆန္ဒပြမှုကို စတင်ခဲ့သည်။

ဟိုင်နန်ပြည်နယ်ဘဏ္ဍာရေးကြီးကြပ်ကွပ်ကဲမှုဗျူရို၏ ထုတ်ပြန်ချက်အရ ဟိုင်နန်ရွာများနှင့် ရွာများရှိ ဘဏ်များတွင်ငွေအပ်နှံထားသူများသည် အပ်ငွေများကို ဇူလိုင်လ ၁၅ ရက်တွင်ပြန်လည်နိုင်ရမည်ဖြစ်သည်။

သို့သော် အွန်လိုင်းမီဒီယာများက ငွေအပ်နှံသူ လက်တစ်ဆုပ်စာမျှသာ ငွေပြန်ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

တရုတ်အစိုးရပိုင်မီဒီယာကလည်း ငွေပြန်ပေးခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖော်ပြခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required